ဟာ သူဌေးကလည်း ကျွန်တော့်မှာ မိန်းမမှမရှိတာ ဟဲ ဟဲ သူဌေးကလည်း ပေးစားမလို့လား
့ဒေါသထွက်လို့ ပြောမိပြောရာ ပြောနေတာကို ပါးစပ်ကြီးဖြဲကာ အကောင်းမှတ်နေသော သူ့ secretary ကို ကြည့်ကာ Hun စိတ်ပျက်သွားသည်
တောင်း တောင်းပန်ပါတယ် သူဌေး ခွင့် ခွင့်လွှတ်ပါ
ငါကိုက ဒီမျာက်နှာနဲ့နေတာမှားတာ အကုန်မှန်တယ် ငါမှားတာ စိတ်ညစ်တာကွာ ငါမင်းတို့ကို ခွင့်မလွှတ်သေးဘူး ပြစ်ဒဏ်အနေနဲ့ Luhan ကို ချက်ချင်းငါ့ရှေ့ခေါ်ခဲ့
Hun ရဲ့ တစ်ချက်လွှတ်အမိန့်အဆုံးမှာ အားလုံးလှုပ်ရှားကြတော့တယ် တစ်ညလုံးသေလောက်အောင် ရှာသော်လည်း Luhan နဲ့တူတာဆိုလို့ Hun တစ်ယောက်သာတွေ့ကြတယ် :p
မနက်ရောက်တော့ Kris နဲ့ Hun Line မှာ chat ကြတယ် Kris က တမင်မဆက်သွယ်ဘဲ တစ်နေ့လောက် နေလိုက်တာလေ ချက်ချင်းကြီးဆို ရိပ်မိမှာစိုးတာနဲ့
Luhan မင်းဘယ်မှာလဲ
မြို့စွန်မှာကွ wae???
ဟင် အဲ့နေရာမှာဘာလုပ်နေတာလဲ မင်း chingu ရော
ဟင် အင်းး သူလားဆေးရုံမှာပဲ
aww အေး အေးး
နေလို့ကောင်းလား နေရတာအဆင်ပြေလား
မြို့စွန်ကအိမ်အကြီးကြီးမှာနားနေမှတော့ တိတ်ဆိတ်ပြီး အေးချမ်းတာပေါ့ကွာ
Kris ပြုံးလိုက်တယ် သိလိုက်ပြီလေ မြို့စွန်ကအိမ်ကြီးး
သို့ပေမယ့် လမ်းမကျွမ်းတဲ့ Kris အတွက် ဒုက္ခနဲ့လှလှနဲ့တွေ့ရော တစ်နေကုန်ဟိုမောင်းဒီမောင်းနဲ့ မိုးချုပ်မှ Hun ပြောတဲ့ အိမ်ကြီးကိုတွေ့တယ်
Kris လည်းအကွယ်မှာကားထိုးပြီး စောင့်ကြည့်နေတော့ ကားတစ်စီးဝင်လာပြီး Hun တစ်ယောက်အိမ်ထဲဝင်သွားတယ် Kris ကတော့ ကားပေါ်မှာစိတ်ချလက်ချ အိပ်လိုက်တော့တယ်
မိုးလင်းတော့ Kris တစ်ယောက် stalker လုပ်ရတာပေါ့ ခ်ခ် ခပ်ဝေးဝေးအနေအထားကနေ ကားလိုက်မောင်းရင်း ဆေးရုံသို့ ရောက်သွားတယ်
Kris ကတော့ Luhan တစ်ယောက် chingu ဆီလာတာလို့မှတ်ပြီး ဆေးရုံထဲဝင်သွားလိုက်တယ် Kris သိတဲ့ Luhan အယောင်ဆောင် Hun က ကားထဲမှာကျန်ခဲ့တယ်လေ secretary ပဲဝင်သွားတာပါ
တစ်ကယ်တော့ Hun appa ရဲ့ မိတ်ဆွေဟောင်း စီးပွားဖက်ပေါ့ ဆေးရုံတက်နေရလို့ Hun က သစ်သီးခြင်းလာပို့တာပါ သူကတော့ လိုက်သွားလို့မရဘူးလေ မျက်နှာကအဆင်မှမပြေတာ
Kris လည်းဆေးရုံထဲ ယောင်လည်လည်နဲ့ Luhan ကို လိုက်ရှာနေတယ် တွေ့တော့တွေ့တယ် လူမဟုတ် ဆေးရုံခန်းတစ်ခန်းရဲ့ အပြင်ဘက် လူနာ name card မှာ
Kris မထင်မှတ်ဘဲ တွေ့သွားခြင်းပင် အခန်းရှေ့မတ်မတ်ကြီးရပ်လျက် မျက်လုံးကိုအကြိမ်ကြိမ်ပွတ်ကာ Luhan ဆိုတာကို အကြာကြီးစိုက်ကြည့်လျက်
တံခါးကိုဆွဲဖွင့်ကာဝင်မည်အလုပ် လမ်းလျှောက်လာတဲ့ secretary ကိုတွေ့တာနဲ့ Kris ခမျာ တစ်ချိုးထဲလစ်ရတော့တယ် Hun ဆီသတင်းရောက်သွားမှာလေ
Arnyi!! နာမည်တူတာဖြစ်မှာပါ Kris တစ်ယောက် ဆေးရုံခန်းထဲက လူနာကိုသိပ်သိချင်နေမိတယ် ငါဘာတွေလုပ်မိနေပါလိမ့် အချစ်ဆုံး သူငယ်ချင်းကို မယုံကြည်နိုင်ပဲ ဘာတွေလုပ်နေမိပါလိမ့် မဟုတ်သေးဘူး ယုံလို့မှမရတာ
Kris စိတ်ညစ်ညစ်နဲ့ Hun နောက်ကိုဆက်လိုက်တော့ company ကိုရောက်သွားတယ်
ဟင် ဒါ ဒါ ပြိုင်ဘက် company မလား Luhan တစ်ခါပြောဖူးပါတယ် ဒါနဲ့ဒီကိုဘာလာလုပ်တာလဲ
အတွေးမဆုံးခင် Hun ကတော့ company ထဲဝင်သွားလေပြီ ပြန်ထွက်လာမလား စောင့်ရင်း စောင့်ရင်း ပြန်ထွက်မလာ Kris လည်း မနေ့ထဲကတစ်နေကုန် လိုက်နေရတော့ ရေမချိုး ထမင်းမစား ( သနားတာ ကိုခွစ်ရယ် ရှင်လည်း ဒုက္ခော )
Hotel ကို ပြန်လာလိုက်ပြီး ရေချိုးစားသောက် နားလိုက်လေသည် နိုးလာတော့ ညနေစောင်းနေပြီ company ကိုတစ်ခေါက်သွားကြည့်ဖို့ ဆုံးဖြတ်လိုက်တယ် ဒီတစ်ခါတော့ အဝတ်အစားအပိုတွေ အကုန်ထည့်ကာ ထွက်လာခဲ့တယ်
company ရောက်တော့ Hun တို့အလုပ်ဆင်းချိန်နဲ့ကွက်တိ Kris လည်းစောင့်ကြည့်နေရင်း Hun ထွက်လာတယ် ဝန်ထမ်းတွေက အရိုအသေပေးလို့ Kris ကတော့ ဘာမှကိုနားမလည်တော့
ပြိုင်ဘက် company ကို အကြောင်းမရှိဝင်သွားတယ် အလုပ်ဆင်းချိန်မှ ပြန်ထွက်လာတယ် ဝန်ထမ်းတွေကရိုသေလို့ သူကဘာလဲ Luhan ဆိုပြီး ငါသိနေတဲ့သူက ဘာလဲ
ကျွန်တော်ကို မနေ့ကသွားတဲ့ အိမ်ကိုပို့ပေးပါ အဲ့မှာပဲအိပ်လိုက်မယ် Hun ပြောတော့ driver က လမ်းကြောပြောင်းကာ ပို့ပေးလေသည်
Kris ကတော့နောက်က ဆက်လိုက်လျက် Hun တို့ကားက ရပ်ကွပ်ထဲက အိမ်လေးတစ်လုံးစီမှ ရပ်တန့်သွားတယ် ဒီနေရာကို Kris ရင်းနှီးသလိုလို ဒီနေရာ ဒီနေရာက Kris အသည်းအသန်စဉ်းစာရင်းးး
Waiting for vitamin votes and feedbacks... saranghae.. gamsamitha.. 90° bow..
YOU ARE READING
^Second Face^ ( Completed )
Fanfiction*Hunhan *Yaoi *အချစ်ကြောင့် ဖြစ်ပေါ်လာတဲ့ အမုန်း *အမုန်းကြောင့် မှားမိပြီးမှ *နောက်ဆုံး အချစ်တွေ ပြန်လည်ရှင်သန်မှာလား ဆိုတာတော့
^Second Face^ Part-22
Start from the beginning
