ရှန်ယွီရှန်း နေ့တိုင်း စိတ်လှုပ်ရှားနေရ၏။  ဟယ့်ချန်းနင် ၏ စားသောက်နိုင်သော အစားအစာမ်ားက သိသိသာသာ တိုးလာခဲ့သည်ဖြစ်ရာ ချန်းနင်ကိုထိခိုက်စေမည်စိုးရိမ်သဖြင့် ဖြည်းဖြည်းစားဖို့၊ လျှော့စားဖို့ချော့မြူနေရ၏။ တစ်ဖက်တွင်လည်း ကလေးတွေကို လုံလောက်တဲ့အာဟာရမဖြစ်မှာကို ကြောက်တာကြောင့် ဟယ့်ချန်းနင် ပိုစားဖို့ကိုသူမျှော်လင့်မိပြန်ပါသည်။ သူ့နှလုံးသားက ဆန့်ကျင်ဘက်ဖြစ်ပြီး ရှုပ်ယှက်ခတ်နေပါ၏။

ဟယ့်ချန်းနင် ၏ ရူးမတတ်ဖောင်းကားလာသောဝမ်းဗိုက်ကို ကြည့်ပြီး သူသည် လျင်မြန်ပြီး ကြီးလွန်းလာကာ ဟယ့်ချန်းနင်ဒဏ်မခံနိုင်တော့မည်ကိုစိုးရိမ်မိသည်။ ဇနီးသည်လေး၏ မညီမ်ွေသာ ခန္ဓာကိုယ်သေးသေးလေးက သူ့ကို နေ့တိုင်း စိတ်ပူစေကာ မတ်တပ်ရပ်မိသည့်အချိန်၌ ခြေချော်ကာ လဲကျမည်ကို စိုးရိမ်နေရ၏။

သူ၏ ပါးလွှာသော ဗိုက်ကိုကြည့်လိုက်တော့ အရေပြားအောက်ရှိ အပြာရောင် သွေးကြောများကို ရှင်းရှင်းလင်းလင်း မြင်ရသည်ဖြစ်ရာ ရှန်ယွီရှန်း ၏မျက်ခုံးသည် ခြင်တစ်ကောင်ကိုပင်ညှစ်သတ်နိုင်လောက်သည်အထိကျုံ့နေတော့၏။ သူကစိုးရိမ်ပြီးကြောက်ရွံ့နေပါ၏။ ကလေးနှစ်ယောက်ရဲ့ အလေးချိန်ကို မခံနိုင်မှာကို သူစိုးရိမ်နေပြီး တစ်နေ့၌ ဗိုက်ကြီးကွဲထွက်သွားကာ အရာအားလုံးအဆုံးသတ်သွားမည်ကိုကြောက်နေမိပါ၏။ သူကတစ်နေ့လုံးစိတ်ရှုပ်ထွေးနေရပြီး ဟယ့်ချန်းနင် ရဲ့ ဗိုက္ကို အမှတ်မထင် အမြဲကြည့်နေမိတယ်။ ဗိုက္ကြဲသြားမွာကို ကြောက်လွန်းလို့ သူ့လက်တွေ ချွေးတွေတောင်ထွက်နေသည်လေ။

ဤနည်းဖြင့် ရှန်အဖွဲ့အစည်း၏ဥက္ကဌသည်ကား ဟယ့်ချန်းနင်၏အနောက်တွင် နေ့တိုင်း ကြောက်ရွံ့တုန်လှုပ်စွာလိုက်ပါနေရင်း လူနှစ်ယောက်ကို ကြိုးတစ်ချောင်းယူ၍ပင်ချည်ထားချင်သည့်အလား။ သို့မဟုတ် သူ့ဇနီးလေးကို သေးငယ်စေရန်ပြုလုပ်ပြီး လက်ဖဝါးပေါ်တွင် ကိုင်ထားရန် စိတ်အားထက်သန်နေသည်ပင်။ သို့မှသာသူ့မျက်စိအောက်တွင်တစ်ချိန်လုံးကောင်လေးကိုထားနိုင်မည်လေ။ သူမျက်လုံးနဲ့မြင်မနေရမချင်းသူလုံးဝစိတ်မချနိုင်ပါချေ။

ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည် [ဘာသာပြန်]Where stories live. Discover now