မန္တလေးဆောင်သို့အ၀င်......
" ဟိုလေ!!!ခဏ!!!"
အဆောင်ထဲသို့ လျှောက်လှမ်းနေသော ခြေလှမ်းကျယ်များရပ်တန့်ပြီးထိုသူက မိမိဘက်သို့ ခေါင်းလှည့်လာလိုက်သည်။
အကြည့်ဆုံလိုက်သော ထို၁စက္ကန့်။
"မင်္ဂလာပါ"
မိမိကိုနှုတ်ဆက်သဖြင့် ဥက္ကာဦးတစ်ချက်ကြည့်လိုက်သည်။ အရပ်ပုပုနှင့် မျက်နှာပြောင်ရှင်းနေသည့်ထိုမိန်းကလေးက?
"ကျွန်တော်လား?"
"Ommm, you!"
ထို့နောက်ထိုသူဆီလျှောက်သွားခဲ့သည်။
"မင်္ဂလာပါ။ အမက ကျောင်းသားရေးရာဌာနက လာခဲ့တာပါ။ ဒီနှစ် king, queen တွေအတွက် ဒိုင်လုပ်ပေးလို့ရမလားဆိုပြီး စုံစမ်းခိုင်းလိုက်လို့ အချိန်ရမလားမသိဘူး"
"အမပေါ့လေ? လူလေးကသေးသေးလေးနဲ့"
စိတ်ထဲတွင်ပဲတွေးလိုက်ပါ၏။
" ပွဲက ဘယ်နေ့လဲဗျ"
"ဗျတဲ့ဟယ် ပြောတာလေးကိုကချစ်စရာလေး"
စိတ်ထဲတွင် ပီတိဖြာနေပေသည်။
"၁လပိုင်း ၇ရက်နေ့ပါ"
"ရပါတယ် ကျောင်းကိစ္စပဲ ကူညီရမှာပေါ့"
"ဒါဆို အဲ့လိုပြန်ပြောလိုက်ပါမယ် အချိန်ပေးလို့ကျေးဇူးပါ ဘိုင်"
နှုတ်ဆက်ပြီး ခြေလှမ်းသွက်သွက်များနှင့် တောင်ငူဆောင်သို့ပြေးရလေသည်။ထိန်းချုပ်ထားသော တုန်ယင်မှုများကြောင့် အဆောင်ရှေ့ရောက်မှာသာ ခြေထောက်တွင်အားများမရှိ၍ ငုတ်တုတ်ထိုင်ချမိလေတော့သည်။
"အာ...ရူးတော့မှာပဲ တကယ် တဖြည်းဖြည်းနဲ့ပိုကြိုက်လာပြီ စိတ်လျှော့ စိတ်လျှော့ အရမ်းကြိုက်လို့မဖြစ်ဘူး ဟိုကသာမန်လူမဟုတ်ဘူး cele cele...."
ကိုယ့်စိတ်ကိုသာ ထိန်းချုပ်လိုက်ရသည်။
အတန်းချိန်ပြီး၍ အိမ်သို့ပြန်အရောက်။
"အမေ့ သမီးကိုပွဲနေ့၀တ်ဖို့ အင်္ကျီလေးချုပ်ပေးပါဦး"
ငိုမဲ့မဲ့အသံလေးနှင့် အမေ့ကိုပူဆာရသည်။
"တက္ကသိုလ်ပဲ ၄နှစ်ထဲရောက်နေပြီ ရှိတာ၀တ်။ ဒီလောက်အများကြီးကို"
"အရင်နှစ်တွေနဲ့ ဒီနှစ်ကမတူဘူး အမေရဲ့"
"မတူစရာဘာရှိလဲ သွား သွား ရှိတာ၀တ် လာပြီးနားညည်းအောင်လုပ်မနေနဲ့"
"မေမေကလည်း သမီးလေးတစ်ယောက်ရှိတာကို"
"သူငယ်ကလာပြန်နေသေးတယ် အသက်ကပဲ ၂၀ပြည့်တော့မှာကို"
"နော်လို့ အမေ နော် လုပ်ပါ တစ်ထည်ပဲလေလို့ နော်"
"ပွဲကဘယ်နေ့လဲ "
"၇ရက်နေ့ အမေ့"
"၇ရက်နေ့၀တ်ရရင်ပြီးပြီမလား"
"အမေ့ သမီးကိုတောက်တောက်ကြီးချုပ်မပေးနဲ့နော် မျက်စိယဥ်ယဥ်လေးနဲ့ အေးအေးလေးဖြစ်တဲ့အရောင်လေး သိလားအမေ သမီးက အစီစဥ်တင်ဆက်သူလုပ်ရမှာလို့ နော် နော်"
"ငါကြိုက်တာ ငါချုပ်မှာပေါ့"
ပွဲနေ့မတိုင်ခင် တစ်ရက်အလို-
RC ခန်းမတွင် စတိတ်စင်အပြင်အဆင်၊ ဓါတ်ပုံရိုက်ရန် decorationများ၊ ထိုင်ခုံနေရာများ ပြင်ဆင်စရာရှိသည်များပြင်ဆင်နေကြသည်။ rehearsalများလည်း ပြုလုပ်ပြီး တာ၀န်ရှိသူများကလည်း ဆိုင်ရာဆိုင်ရာများစစ်ဆေးလျက်ရှိကြသည်။king, queen selectionများမှာလည်း တက္ကသိုလ်ကို အလင်းများပင်ဖြာစေလောက်သည်အထိ အရှိန်အဝါများ ပေါ်ထွက်နေသည်။
"ဒီနှစ်ကလေးတွေတကယ်ချောတာပဲ"
စင်အောက်မှရပ်ကြည့်နေသော ဧကရီဘေးသို့ ခေါင်းဆောင်ဖြိုးသန့်ကိုရောက်လာရင်းစကားစလိုက်သည်။
"ဟုတ်တယ်နော်"
ဖြိုးသန့်စကားကို ပြုံးရင်းနှင့်ပင်ထောက်ခံလိုက်သည်။
"မနှစ်က စီနီယာတွေရှိတော့ ပွဲအတွက်ပြင်ဆင်ရတာ သိပ်မရှိသလိုနဲ့ ကိုယ့်အလှည့်ကျမှ တကယ်များမှန်းသိရတယ်ဟယ်"
ဧကရီစကားဆက်လိုက်သည်။
"ပင်ပန်းနေပြီလား ပြန်ရင်ပြန်တော့လေ ဒီမှာတခြားလူတွေရှိနေတာပဲ မနက်ဖြန်လည်း နင်ကတစ်နေကုန်ပင်ပန်းရဦးမှာ အားမွေးလိုက်ဦး သွား"
"သဘောကောင်းလိုက်တဲ့ ခေါင်းဆောင်လေး အဲ့တာကိုဘာလို့ကောင်မလေးမရှိဘူးတဲ့လဲ"
"ထိခိုက်နေပြန်ပါပြီ သွား မနက်ဖြန်ပြောရမဲ့ စာရွက်တွေလည်းယူသွားပြီး လေ့ကျင့်ဖို့မမေ့နဲ့ဦး"
"အိုခေခ ဒါဆိုကျွန်မပြန်ပြီး လေ့ကျင့်ပါတော့မယ်ခ"
ဖြိုးသန့်ကိုမှာ မိမိနှင့် ၈တန်းထဲကသူငယ်ချင်းဖြစ်သည်။ တက္ကသိုလ်လည်းတူပေမဲ့ သူက ပထမနှစ်ထဲက ကျောင်းသားရေးရာထဲ၀င်ထားသည့်အတွက် ယခုနှစ်တွင်ခေါင်းဆောင်အရည်အချင်းပြည့်၀နေပြီဖြစ်သည်။ မိမိကမူ မနှစ်ကမှ သူခေါ်၍ရောက်လာခြင်းဖြစ်သည်။
"အားလုံးပဲ မနက်ဖြန်တွေ့ပါမယ် ဖိုက်တင်း!!!!"
အားပေးရင်းနှင့် ထွက်ခွာလာခဲ့တော့သည်။
အိမ်သို့အရောက်ဖိနပ်ချွတ်ရင်း အမေချုပ်နေသည့်အင်္ကျီကိုမြင်သည်နှင့်တစ်ပြိုင်နက်......
"အမေ!!!!!"
"လန့်တာအေ"
"အမေကလည်း ဘာကြီးလဲ မျက်စိအေးအောင်ပါဆို ယဥ်ယဥ်လေးဖြစ်ချင်ပါတယ်ဆို အနီတောက်ကြီးကိုမှ ပခုံးပေါက်ကြီးနဲ့ ဘာကြီးလဲလို့"
"ဟာ ငါ့သမီးကို စင်ပေါ်မှာထင်းနေအောင်လေ"
"ငိုချင်လာပြီနော်"
"ငိုနဲ့ တိတ်တိတ် ၀တ်ရင်လှသွားမှာ ပြီးရင်လက်ချုပ်လိုက်လိုက် ကြားလား"
"မလိုက်ဘူးကွာ"
"မ၀တ်နဲ့ကွာ........"
အားရီးဂူး။ငါတို့အမေကတော့ လုပ်ချင်တာလုပ်ပြီးရင် အလှဆုံးပြုံးနေတတ်သူပဲ။
VOUS LISEZ
아이돌, 저랑 자요( Idol, sleep with me)
Roman d'amour"idol မီနဲ့အိပ်ရအောင်" ဆိုတဲ့ ဒီficလေးမှာ crushနဲ့အိပ်ရဖို့ ကောင်မလေးတစ်ယောက် ဘယ်လိုတွေမူရအကြောင်းဖန်လာမလဲ.... မထင်မှတ်ဘဲ တစ်ညအိပ်မိသွားတဲ့အခါ crushနဲ့ကောင်မလေးရဲ့ဆက်ဆံရေးကရော ဘယ်လိုဖြစ်သွားမလဲဆိုတာ......
part-2
Depuis le début
