အ၀တ်လှမ်းနေရင်း အတွေးထဲပေါ်လာသောပုံရိပ်တစ်ခု။
"နေပါဦး နေပါဦး ငါမနေ့ညက သူ့ကိုမှန်းပြီး ပြီးလိုက်တာလား? အာ တကယ်ထိန်းမနိုင် သိမ်းမနိုင်ပဲ။ ဧကရီဦး နင်ကမိန်းကလေးလေ အဲ့တာကိုနင်ကပဲ မှန်းရတယ် ရှိသေး။ အာ ရှက်လိုက်တာ ရှက်လို့မှာပဲ တကယ်"
မနေ့ညက မိမိ၏ညစ်ညမ်းသောအတွေးများကို ပြန်တွေးရင်း ကိုယ်တိုင်ပင်ရှက်လာရလေတော့သည်။
_________________________________________
Hello, ကျွန်မနာမည်ကတော့ ဧကရီဦးဖြစ်ပြီးတော့ ရန်ကုန်တက္ကသိုလ် ဒုတိယနှစ် ဂုဏ်ထူးတန်း။ အပေါ်မှာ ကျွန်မပြောခဲ့တဲ့ ထိုသူဆိုတာကတော့ တခြားမဟုတ်ပါဘူး
ကျွန်မရဲ့ နှစ်နှစ်ကြာ crushလေးပါ။ ကျွန်မ ဒုတိယနှစ်အစမှာ သူက The whole king၊ အရပ်လည်းရှည် ရုပ်လေးကလည်း အပြစ်ပြောစရာကိုမရှိ၊ အများကလည်း သူ့ကို အိုင်ဒေါ အိုင်ဒေါနဲ့ပဲ ခေါ်ကြတယ်။ တက္ကသိုလ်တစ်ခုလုံးသတင်းတွေမွှေးနေတဲ့ ဥက္ကာဦးဆိုတဲ့ ထိုကောင်လေးကို ကျွန်မအရမ်းကြိုက်နေခဲ့တာပါ။
နှစ်နှစ်ဆိုတဲ့အချိန်အတွင်း သူကောင်မလေးတစ်ယောက်ရှိခဲ့ဖူးပါတယ်။ သိပ်မကြာသေးခင်ကမှပြတ်သွားတယ်ပေါ့နော်။ အမှန်တိုင်းပြောရမယ်ဆိုရင် သူတွဲခဲ့တဲ့ ထိုမိန်းကလေးကြောင့် ကိုယ့်ကိုကိုယ်သိမ်ငယ်မိတာအမှန်ပါပဲ။ ဘာလို့ဆို အဲ့ကောင်မလေးကလည်း the whole queenဖြစ်နေတာကြောင့်ပါ။ တစ်ကျောင်းလုံးမှာ နာမည်အကြီးဆုံးနဲ့ အလိုက်ဖက်ဆုံးအတွဲတွေဖြစ်ခဲ့ကြတဲ့ သူတို့နှစ်ယောက်။ မိဘလည်းချမ်းသာ၊ ရုပ်ရည်လည်း ချောမောတဲ့ ထိုမိန်းကလေးနဲ့တွဲခဲ့သော ကျွန်မရဲ့အိုင်ဒေါက ကျွန်မလိုမိန်းကလေးမျိုးကို မျက်လုံးထဲတွင် မြင်မည်တဲ့လား?
ကိုရီးယားကား၊ တရုတ်ကား ရိုမန့်တွေကြည့်တဲ့ကျွန်မအတွက်ကတော့ ကျွန်မလိုပုပုလေးနဲ့ချစ်ဖို့ကောင်းတဲ့ကောင်မလေးကတော့ ဘယ်အချိန်မရွေး အဓိကဇာတ်ကောင်နဲ့ညားသွားနိုင်တာပဲလို့ တွေးတယ်ပေါ့နော်။ ပြီးတော့ ကျွန်မရဲ့ ခံယူချက်ကပဲထူးဆန်းမလား မသိပေမဲ့ crushဆိုတာထက် အိုင်ဒေါတစ်ယောက်လိုသဘောကျမိတဲ့သူဆိုတော့ ကိုယ်က သူ့ကောင်မလေးဆိုတဲ့အချက်ထက် ကောင်မလေးမဟုတ်လည်း အတွင်းသိအဆင်းသိလိုမျိုး တစ်နည်းအားဖြင့် sex partner လိုမျိုး ဖြစ်ချင်မိတာတော့ အမှန်ပါ။ ထိုကောင်လေးနဲ့သာ sexခွင့်ရမယ်ဆို ဘယ်လိုနေလောက်မလဲရှင့်? ပြီးတော့ သူ့ကိုယ်ပိုင်ညီလေးကရော ဘယ်လိုပုံစံများဖြစ်လောက်မလဲရှင့်?
"အတွေးကိုကညစ်ညမ်းလိုက်တာ တကယ်ကိုတားမရဘူးပဲ"
ကိစ္စမရှိပါဘူး။ မိန်းကလေးတိုင်း ကိုယ်ကြိုက်တဲ့ကောင်လေးနဲ့ sexဖို့ကိုတော့ တစ်ခါလောက်တော့ တွေးတော့ဖူးကြမှာပဲ။ အပြင်လောကမှာ မိန်းကလေးမို့လို့ က္ကန္ဒြေ သိက္ခာထိန်းရမယ်ဆိုပေမဲ့ ဒီထဲမှာတော့ ကျွန်မတို့အချင်းချင်းပွင့်လင်းကြရအောင်
အားလုံးပဲ ကျွန်မနဲ့ မီ့ရဲ့အိုင်ဒေါလေးအတွက်ဆုတောင်းပေးကြပါဦး^^
YOU ARE READING
아이돌, 저랑 자요( Idol, sleep with me)
Romance"idol မီနဲ့အိပ်ရအောင်" ဆိုတဲ့ ဒီficလေးမှာ crushနဲ့အိပ်ရဖို့ ကောင်မလေးတစ်ယောက် ဘယ်လိုတွေမူရအကြောင်းဖန်လာမလဲ.... မထင်မှတ်ဘဲ တစ်ညအိပ်မိသွားတဲ့အခါ crushနဲ့ကောင်မလေးရဲ့ဆက်ဆံရေးကရော ဘယ်လိုဖြစ်သွားမလဲဆိုတာ......
part-1
Start from the beginning
