နေ့တိုင်း မနက်စာ အပြည့်အဝစားနေရတဲ့ ဟယ့်ချန်းနင် က ဒါကိုကြည့်တဲ့အခါ မူးဝေလာသလိုပါပင်။ အစားအသောက်မျိုးစုံပါဝင်သည့် စားပွဲပေါ်၌ တရုတ်အစားအစာနှင့် အနောက်တိုင်းအစားအစာ စုံလင်လှသည်။ ဒီပေါ်မှာစားလို့မရတာမရှိဘူး၊ တွေးလို့မရတာတွေပဲရှိမည်။ ဟယ့်ချန်းနင် သည် အကြိမ်ကြိမ် ဆန္ဒပြပြီး အံကြိတ်ကာ ရှန်ယွီရှန်း၏အရူးအပြုအမူကိုဆူပူနေရ၏။ လူနှစ်ယောက်အတွက် မနက်စာက လူ ၂၀ နီးပါးစားလို့ရနေပြီ။ ဝက်တောင်ဒီလောက်မစားနိုင်ဘူး။

ဒါပေမယ့်လည်း သခင်လေးရှန်က အတည်ပေါက်မျက်နှာထားနှင့်ဆိုချေ၏။

"ကိုယ်ဝန်ဆောင်ထားတဲ့လူတစ်ယောက်အနေနဲ့ မင်းကလူနှစ်ယောက်ကိုထပ်လွယ်ထားရသေးတယ်၊ အဲ့တော့မင်းကလူခြောက်ယောက်စာစားသင့်တာ နောက်ပြီး မင်းရဲ့ခင်ပွန်းကလည်း ကလေးနှစ်ယောက်အမေကိုပြုစုပေးဖို့ ကောင်းကောင်းစားသောက်နေတာပဲလေ။ အာဟာရ ပြည့်စုံမျှတအောင်စားမှ ကလေးတွေ ကျန်းမာမှာ။ ပြီးတော့ ကိုယ့်ရဲ့သားတွေက သူတို့ဘာပဲစားချင်ချင်၊ ဘယ်လောက်ပဲစားချင်ချင်စားနိုင်စေရမယ် အဲ့တာကြောင့် အမေတစ်ယောက်အနေနဲ့ မင်းကကလေးတွေရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးသင့်တာပေါ့။ စားပြီးရင်းစား ပိုပြီးသာစား ဟုတ်ပြီလား?"

ကလေးနှစ်ယောက်အမေ ဟူသော စကားလုံးသည် ဟယ့်ချန်းနင် အားခေါင်းမှခြေအထိပြင်းထန်စွာ တုန်လှုပ်စေသည်ပင်။ ရှေ့တွင် စုစည်းထားသော တောင်ပုံရာပုံအစားအစာများကို ကြည့်ပြီး ဟယ့်ချန်းနင် မတတ်နိုင်ဘဲယနေ့အတွက်တော့ကျော်လွှားမရနိုင်ကြောင်းညည်းညူမိပါ၏။ ကလေးတွေကိုဒီတိုင်းသာ ဆက်ပြုစုပျိုးထောင်နေမယ်ဆိုရင် သူတို့တွေမွေးတဲ့အခါ သူ့မှာကျန်ခဲ့တဲ့အဆီတွေကိုဖယ်လို့တောင်ရတော့မှာမဟုတ်တော့ပေ။

မနက်စာစားပြီးနောက်တွင်တော့ နို့၊ ဖျော်ရည်နှင့် မုန့်များကို ဟယ့်ချန်းနင် အလွယ်တကူလှမ်းယူနိုင်သောနေရာတွင် ထားပေးသည်။ လသာဆောင်ရှိ ပက်လက်ကုလားထိုင်ကို ကူရှင်များဖြင့်ထူထဲစွာ ဖုံးအုပ်ထားကာ ရှန်ယွီရှန်း သည် ဟယ့်ချန်းနင် နှစ်သက်သော စာအုပ်တစ်အုပ်ကို သူ့အတွက်ယူပေးပြီးနောက် စောင်ပါးပါးလေးဖြင့် ဖုံးအုပ်ပေးချေ၏။ ထို့နောက် ရှန်ယွီရှန်း သည် သူ့ဘေးတွင်ထိုင်ကာ သာ့ကျိုး ပေးပို့သော ကုမ္ပဏီ၏စာရွက်စာတမ်းများကို စတင်လုပ်ဆောင်တော့သည်။

ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည် [ဘာသာပြန်]Où les histoires vivent. Découvrez maintenant