မာန်သွေးရောင်ရဲ့ ငုတ်နေသော ‌မခံချင်စိတ်က အရက် ရှိန် ကြောင့် အုံးခနဲ နိုးကြွလာသည်။မာန်သွေးရောင်က သောက်လေ့ သောက်ထ မရှိသော်လည်း အဖော်ကောင်းတော့ ကျောက်မြောင်း ရောက်သွားသည်။

လွင်ဟန် က သွေးရောင် အနား ကပ်ကာ

"ကိုမာန်သွေးရောင်ရာ. . . ယောင်္ကျားပဲ အပျော်အပါးဆိုတာ ရှိတာပေါ့. . .ဟို ကောင်လေးက ခင်ဗျားကို လုံးဝ ပစ်ကြွေနေတဲ့ ပုံစံနော်. . အဟား ဟား . . . တစ်ည တစ်လေ တော့ စိတ်လွတ် ကိုယ်လွတ်ပေါ့. . လောကမှာ အရသာ အရှိဆုံး အလုပ်က အိမ်က ဆိုင်ရာ ပိုင်ရာတွေ မသိအောင် ခိုးလုပ်ရတဲ့ အလုပ်ဗျ. . ."

ပြောရင်းပင် သွေးရောင့် ခွက်ထဲ အရက်တွေ ထည့်လိုက်သည်။

ဟို လူက ဘား ကောင်တာ ကို မှီကာ ခပ်လျောလျော ထိုင်နေသည်။

ငှက်ခါးရောင် ရှပ်အင်္ကျီကို ရင်ဘတ်ထိ ဟကွဲနေအောင် လှစ်ဟ ထားသည်က
ဝင်းစိုနေသော ရင်အုပ်တို့ကို ကြွားပြနေသယောင်။ထို သူ ဝင်လာစ က လုံလုံခြုံခြုံလေးပါ။

မာန်သွေးရောင်ကို ကြည့်ရင်း အင်္ကျီကြယ်သီးတွေ ဖြုတ်ပြနေတာ ဖြစ်သည်။ မျက်လုံးများကို မှေးစင်းကြည့်နေသည့်ပုံက မာန်သွေးရောင်ကို အစိမ်းလိုက် ဝါးစား ချင်နေပုံ။

ခြေတစ်ဖက်ကို ချိတ်ထားကာ လက်တစ်ဖက်က ဝိုင် ကို ကိုင်ထားသည့်ပုံက တော်တော်လေး ဆွဲဆောင်မှု ရှိပါသည်။

မာန်သွေးရောင် မက်တပ်ထလိုက်ကာ သူ့ဆီ လျှောက်လာမိသည်။ဟို ဝိုင်းက နားဆူ လာလို့ ထထွက် လာခြင်းသာ။သူ့မှာ ဘာ ရည်ရွယ်ချက်မှ မရှိ။

ဘားနား အရောက် ခုံ တစ်ခုံ ဆွဲယူကာ ထိုင်လိုက်သည်။

ထိုသူက မာန်သွေးရောင် လက်တွေကို အသာ ပွတ်သပ်လာသည်။တဖြည်းဖြည်း ပုခုံးတွေပေါ် လက်တင်လာသည်။

မာန်သွေးရောင် ခါ ထုတ်ပစ်ချင်သော်လည်း ရင်ထဲ တစ်ခု ခု မှားနေသလို ခံစားလာရတာကြောင့် မခါမိ။ထိုသူ့ အထိအတွေ့က ရင်းနှီးလွန်းသည်။

မာန်သွေးရောင် ခေါင်းကို ခါးရမ်းကာ ရီဝေနေသော ခေါင်းကို ကြည်အောင် လုပ်လိုက်သည်။

'LOTUS KILLER' {Ongoing}Where stories live. Discover now