15

1.8K 63 4
                                    

အမှောင်ထုကြီးထဲကနေ အလင်းရောင်ပျပျကို
တွေ့လိုက်မိသည်။
ထိုအလင်းရောင်နောက်ကိုလိုက်ရင်း
ငိုသံများကိုကြားရသည်။
စကားသံများကိုကြားရသည်။ ချစ်သောရဲ့
အသံလေးကိုပါ ကြားရသေးသည်။
အိပ်မက်ပင်ဟုထင်ရလောက်ပင်။
ချစ်သောကပြောနေသည်။
လူဆိုးကောင်တဲ့။ သူ့ကိုတယောက်တည်းထား
ခဲ့မလို့လားတဲ့။
နောက် အသံတွေပျောက်သွားပြီး
တံခါးဆွဲဖွင့်သံကိုကြားလိုက်ရသည်။
ခြေသံငြိမ်ငြိမ်လေးနဲ့ဆိုတော့ ဒီပါပဲဖြစ်ရမယ်။

ငိုနေသည်။ ရှိုက်၍ရှိုက်၍ငိုနေသည်။
ပြီးတော့...ပြီးတော့ တောင်းပန်စကားများကို
လည်း အထပ်ထပ်အခါခါနှင့်ပြောလေသည်။
မင်းကဘာလို့ငိုတာလည်း မင်းက
ဘာတွေတောင်းပန်စကားပြောနေတာလည်း
ဆိုပြီး ထပြောလိုက်ချင်ပေမယ့်
မျက်လုံးများသည် ခဲဆွဲထားသလိုပင်
မည်သို့မျှဖွင့်၍ မရချေ။

ဘာတွေများဖြစ်သွားတာလည်း။
ဘုရင်ကရော သေသည်လော။ရှင်သည်လော။
အဲ့အချိန်က...

'' ဘုရင်...ဘုရင် ''

ဒီပါတယောက် သေနတ်သံကြား၍ သူ့ကို
ပစ်လိုက်သည်ဟုထင်ပေမယ့်
ဘေးကနေ ပစ်လဲကျသွားသော ဘုရင်ကြောင့်
အသိစိတ်များချက်ချင်းပင် ကပ်သွားလေသည်။
ဟင့်အင်း...ငါ့အမှားပါ။ မင်းစက္ခကို ဒီလိုသွား
မလုပ်သင့်ဘူး။ ဘုရင်....ဘုရင်ကတော့
ဒီလိုဖြစ်လို့မရဘူး။
သူ့မှာအနာဂတ်ရှိသေးတယ်။ ငါ့ရဲ့တစ်ဦးတည်းသော မိသားစုကိုတော့ မခေါ်သွားကြပါနဲ့။

ဘုရင်တယောက် ဆေးရုံရောက်လာလေသည်။
ဆေးရုံက မိတ်ဆွေ၏ဆေးရုံဖြစ်၍သာ
တော်သေးလေသည်ဟုဆိုရပေမည်။
မဟုတ်လျှင် မေးမြန်းနေကျတာနှင့်ပင်
ဘုရင်တယောက် အသက်မရှိပဲဖစ်နိုင်လေသည်။

ဒီပါသည် ဘုရင်၏ အခြေအနေငြိမ်ပြီဆိုမှ
ရွာသို့အမြန်ပြန်ကာ ခွန်မြတ်မင်းမာန်ရဲ့
မိဘများထံသို့ အကြောင်းကြားကာ
ဟေသရီ့ထံသို့လည်း ပြောကြားခဲ့လေသည်။
ဟေသရီတယောက် သတင်းကြားကြားချင်းပင်
အလန့်တကြားဖြစ်၍ ကိုဒီပါနှင့်အတူ
ဆေးရုံသို့အမြန်ပင်လိုက်ပါလာခဲ့သည်။

သတိမေ့တာ ၁၀ရက်လောက်ရှိသောအချိန်မှ
ဟေသရီလွန်းသည် သိလိုက်ရသည်။
ဘယ်လောက်ပင်ထိတ်လန့်သွားလည်းဆိုတာကို
ကိုယ်တိုင်ပင်မသိတော့ချေ။

ဘုရင် (king) Where stories live. Discover now