4

2.6K 84 14
                                    

ဟေသရီတယောက် ရေသာချိုးပြီးသွားတယ်။
ဟိုလူဂွစာကတော့ အခုချိန်ထိမပြန်နိုင်သေးချေ။
ကပ်ပါးကောင်လိုများ တွယ်ကပ်နေသလား
လို့တောင် ထင်မှတ်ရလေသည်။

'' လွန်းရေ သမီး..ရေချိုးပြီးရင်
မောင်ခွန်မြတ်မင်းမာန်နဲ့ လိုက်သွားလိုက်ပါအုန်း''

'' ဟမ်..အမေကလည်း..ဘာလို့လိုက်ရမှာလည်း''

'' ဟဲ့..နင့်ကိုသွားခိုင်းချင်လို့များ ထင်နေလား
မောင်မြတ်မင်းမာန်တို့ အိမ်နားမှာ အသားပေါ်
တယ်ဆိုလို့ နင့်ကိုသွားဝယ်ခိုင်းမလို့ပါအေ ''

'' အမေကလည်း..အမေ့ဘာသာသွားလို့ရတယ့်
ဟာကို ''

'' ငါ့ဘာသာသွားလို့ရရင် နင့်ကိုတောင် ခိုင်းနေမှာ
မဟုတ်ဘူး....အခုဟာက နင့်အဖေပါ လိုက်လာမယ်ဆိုလို့ အခန်းတွေရှင်းရအုန်းမယ် ''

'' အမေကလည်း.. ''

'' ငါမလဲသေးဘူး...အလတ်ကြီးရှိသေးတယ်
သွားသွား..မောင်မြတ်မင်းမာန်စောင့်နေပြီ''

ဟင်း..ဟိုလူနဲ့ မျက်နှာချင်းမဆိုင်ခြင်ပါဘူးဆိုနေ
တကယ်ပါပဲနော်။
တကယ်ကိုပါပဲ ဘယ်လိုလူမှန်းကိုမသိဘူး။
ထိုင်နေတာတောင်မှ အေးဆေးမထိုင်ဘူး။
လူကိုကြည့်ပြီး ရယ်လား ပြုံးလားနဲ့။
အို..သူ့အကြောင်းတွေးနေမိပြန်ပြီ။
အလကား..အမြင်ကတ်ဖို့ကောင်းတယ့် လူကြီး။

''ဟိုလူ..သွားမယ်လေ...''

'' စိတ်ရှည်စမ်းပါ...မိန်းကလေးရယ်
ဘာတွေစိတ်တိုနေရတာတုန်း... တကယ်ကို
လူပုစိတ်တိုလေးပါလား ''

'' ဘာပြောတယ်ရှင့်... ရှင်ကရော
တော်တော်ရှည်နေတာကျ ''

'' ရှည်တာပေါ့...တော်တော်ရှည်တာ ''

စကားကိုပြောတာဖြင့် ကောင်းကောင်း
မပြောဘဲ မထိတထိအပြုံးတွေနဲ့ လာပြောနေတယ်။

'' တမျိုးတော့ မထင်နဲ့နော်..ကိုယ်က
စိတ်ကိုပြောတာပါ ''

'' အိုရှင်...ဘာတွေလာပြောနေတာလည်း
ကျမကရော စိတ်မထင်လို့ ဘာထင်ရမှာလည်း''

'' ဟောဗျာ...ကိုယ်ပြောတာက အရပ်ဘာညာ
ပြောတာပါကွ...မင်းလေးပဲ ပေါက်ကရတွေ
တွေးနေတာပါကွာ ''

ဘုရင် (king) Waar verhalen tot leven komen. Ontdek het nu