လွန်ခဲ့တယ့် ၁၅ နှစ်....
အပင်ပေါ်၌ ၁၁နှစ်အရွယ်ကလေးတယောက်
အပင်ပေါ်ကို ကမြင်းရင်းတက်မိပြီး
ပြန်၍မဆင်းတက်သဖြင့် ငိုနေလေသည်။
ထိုသူကား မင်းစက္ခသာသည်လျှင်။ထိုအချိန်၌ အလျင်စလိုဖြင့်အပင်အောက်ကနေ
ဖြတ်လျှောက်သွားသည့် ဒီပါမင်း။
ငိုသံတစ်သံကိုကြားမိ၍ နေ့ခင်းကြောင်တောင်
သရဲခြောက်နေသည်ဟုပင် ထင်မိလေသည်။'' ဟိုလူကြီး...''
'' အမလေး ဗုဒ္ဓေါ... ''
'' ဟင့်...ကလေးမဟုတ် သူငယ်မဟုတ်ကြောက်နေတယ်...ဟီးဟင့်...''
အသံကိုရုတ်တရက်ကြားလိုက်လို့
ငါတော့ နေ့ခင်းကြောင်တောင် သရဲခြောက်ခံရပြီလို့ ထင်မိနေတော့သည်။
အပင်ပေါ်ကနေ အသံကြားရသည်ဖြစ်သည့်အတွက် အပင်ပေါ်ကို မော့ကြည့်လိုက်တော့
ကြောက်ချီးရုပ်လေးပေါက်နေသည့်
ကလေးငယ်တယောက်။'' ဟာ...မင်းကတော့လေ ဘယ်လိုလုပ်
အဲ့ပေါ်ကိုရောက်သွားတာလည်းကွ '''' ကျနော်က ကြောင်လေးကို ခေါ်ဖို့အပင်ပေါ်
တက်နေတာကို ကြောင်က သူ့ဘာသာသူ
ဆင်းသွားပြီး ကျနော့်ကိုထားခဲ့တယ် ''ဟော..ကောင်းကွာ...သူ့ကိုကြောင်ကပဲ ထားခဲ့ရတယ် ရှိသေးတယ်။
'' ငတုံးလေး... မင်းကိုအဲ့ကြောင်က ထားခဲ့မှာပေါ့''
'' ကြောင်တွေက တခြားသူအကူအညီမပါလည်း
အပင်ပေါ်ကို တက်ဆင်းလုပ်နိုင်တယ်ကွ
အရူးရ '''' ဟင်...တကယ်လား ''
'' တကယ်ကွ..ငါကလိမ်မလား..မြန်မြန်ဆင်းလာကွာ ငါလုပ်စရာအလုပ်တွေအများကြီးရှိတယ်''
'' သား..မဆင်းတက်တော့ဘူး..''
ပြောရင်းနဲ့ပင် မျက်ရည်များဝိုင်းကာ
ငိုမဲ့ငိုမဲ့နဲ့ ဖြစ်လာသော ထိုပေါက်စ။...'' ခုန်ချလိုက်..ငါဖမ်းပေးထားမယ် ''
'' ကြောက်ပါဆိုမှဗျာ ''
'' ခုန်ချမလား မခုန်ချဘူးလား ''
'' သွေးမရှိတယ့်လူ...သူများကို အမြင့်ကြီးကနေ
ခုန်ချခိုင်းတယ်...ဟီးဟင့်''
YOU ARE READING
ဘုရင် (king)
Romanceခွန်မြတ်မင်းမာန် '' ဒါဆို ဘုရင်လို့ခေါ်လေ '' ဟေသရီလွန်း '' ဘာရှင့် ''