5

2.4K 86 9
                                    

၁လကြာသော်...
ရွာကိုရောက်တာ ၁လတောင်ကျော်ပြီပဲ။
ဒါနဲ့ ဟိုလူ့ဂွစာကို မတွေ့တာကြာရော့။
ဘာတွေမှာ ဘာတွေသွားလုပ်နေလည်းမသိ။
အဖွားကို မေးကြည့်အုန်းမှပဲ။

'' ဖွား... ''

'' ဝေ့..မြေးလေးရေ ''

'' မေးမလို့...ဖွားဖွားရဲ့ ''
'' ဖွားဖွား..ဟိုလူလေ ခွန်မြတ်မင်းမာန် သူ့ကို
အခုတလော မတွေ့မိပါလား ''

'' အော်..လူလေးလား..သူက ခရီးထွက်သွား
တယ်ကွဲ့ ''

'' အော်..''

'' အေးကွယ်..သူက ရောင်းဝယ်ရေးလုပ်နေတယ့်
သူဆိုတော့လည်း ဟိုသွားဒီသွားနဲ့ပေါ့ ''

အော်..သူလည်း မထင်ရပါလား။
အေးပေါ့လေ..အရောင်းအဝယ်လုပ်နေတယ့်သူ
ဆိုတော့ကာ မထူးဆန်းတော့ပါဘူး။
အာ့ကြောင့် စကားအဲ့လောက်တက်နေတာ
နေမှာပေါ့။
အရူးလူဆိုး။

'' ဟတ်ချိုး..အမလေးဗျ ''

'' ဟ..ခွန်...နေမကောင်းဖြစ်ချင်နေပြီလား ''

'' ဘယ်ကလာကွာ... ငါ့အကြောင်း
တယောက်ယောက် မကောင်းပြောနေပြီထင်ပါ့''

'' မင်းရဲ့မဟေသီပဲနေမှာပေါ့ ''

'' ဒါနဲ့...ကိစ္စရော အဆင်ပြေရဲ့လား ''

'' အင်း..ပြေသလိုပါပဲ... သတိတော့ထားနေရတယ်ကွ ''

'' အေးကွာ...ဂရုစိုက်ပြီးလုပ်အုန်း ''

'' ဒီတခေါက်တော့ အန္တရာယ်များတယ်ကွ
ငါသတင်းကြားနေရတယ် အဖွဲ့ထဲမှာ
သစ္စာဖောက်ရှိနေပြီတဲ့ ''

'' ဟ... ခွန်မြတ်မင်းမာန်ရဲ့လက်အောက်မှာတောင် သစ္စာဖောက်က အရမ်းသတ္တိရှိပြီး
ဝင်နေသေးတာပေါ့ ''

'' ၅ရက်လောက် သည်းခံနေရအုန်းမှာပေါ့''

'' အေးပေါ့ကွာ... ဒီ၅ရက်မှာ အရာအားလုံး
ချောမွေ့သွားရင် အဆင်ပြေပါပြီ ''

ဟေသရီရေ..မင်းတော့မသိပေမယ့်
ကိုယ်တော့ မင်းကိုလွမ်းသလိုလိုရှိသလိုပါပဲကွာ။
လွမ်းတယ် ကလေးမရေ။

*********

ဟေသရီတယောက် ပျင်း၍ ရွာထဲသို့
လမ်းလျှောက်လာလေ၏။
တနေရာအရောက် လုံမပျိုလေးတအုပ်က
စုစုနဲ့ တိုးတိုးတိတ်တိတ်ပြောနေလေရဲ့။

ဘုရင် (king) Where stories live. Discover now