ပန်းရောင်တဖြည်းဖြည်းသန်းလာသော ထိုသူ၏အသားအရေကြောင့်
"မှန်းစမ်း အကိုရှင်းသန့် နေပူချိန်ကြောင့်အဖျားတက်သွားတာလား...."ကိုယ့်မှာတော့ စိုးရိမ်ပြီး သူ့နားသို့အပြေးအလွှားသွားကာ နဖူးလေးစမ်းကာ မေးမိပေမဲ့ ထိုသူကတော့...
"မင်းငတုံးပဲ..."
ရုတ်တရက်အပြောခံလိုက်ရသော စကားတစ်ခွန်း"အံ့မာ ဘယ်မှာတုံးနေလို့လဲ လူကိုလာပြီး ဘလိုင်းကြီးငတုံးလို့ လာပြောနေရအောင်...."
"မင်းတကယ်ကို မသိဘူး...."
စနောက်လိုချင်စိတ်အပြည့်နှင့် ကျွန်မထိုသူ့နားသွားကာ"ဘာလဲ ကိုရီးယားကားထဲကလို ကျွန်မကြောင့် ရှက်သွေးဖြာသွားတာမို့လို့လား......"
နှစ်ကိုယ်ကြားတိုးကပ်ပြောလိုက်ပုံများ နှလုံးခုန်သံတောင် ဒိန်းခနဲစောင့်ခုန်သွားရသလိုပင် သူမက တကယ်ကို dangerသူမမှာ စနောက်လိုက်ခြင်းဖြစ်သော်လည်း တကယ်ကြီးမင်းဘယ်လိုသိသွားသလဲဟူသော အံ့ဩရိပ်ထင်ကာ ပြန်ပြီးငြိမ်သက်တိတ်ဆိတ်နေပြန်သော ထိုလူကြောင့်...
"What the hell!!!!!"
ငရဲသာ တမိပါတော့၏
ထိုသူသိ သူတတ်မျက်နှာပေးနဲ့လူက ရှက်တတ်သတဲ့တော်
ဟား ဟား ဟား" တကယ်ကြီး ရှက်နေတာလား..."
"ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး ရှက်သွားရတာလဲ..."
"ငါ့ကြောင့်လား..."
"ငါ့ကြောင့်တော့ မဟုတ်ဘူးမလား..."
တရဆက်မေးနေသော ထိုကောင်မလေးကို တစ်ချက်စိုက်ကြည့်ရင်း...
"မေးခွန်းတွေကလည်း များလိုက်တာ...
ငါမဖြေချင်ဘူး....""လောလောဆယ် ငါ့ကို ဆေးပေးခန်းအရင်ပို့ပေး...
နောက်မှ မင်းကြိုက်သလောက်လေများ....
ငါနားထောင်ပေးမယ် ရပြီလား...မမ.."ကိုယ့်အပြောကြောင့် မျက်ေမှာင်ကြီးကျုံ့ပြီး စူပုပ်သွားသော ထိုကောင်မလေးမှာ တကယ်ကို ချစ်စရာကောင်းလွန်းနေသည်
သူမဟာ ကျွန်တော့်ရဲ့angry birdမလေး"ကဲ ...ထ သွားမယ်...."
ထ ဟု ဆိုကာ ပြောပြောဆိုဆို ထသွားနေသော ထိုကောင်မလေးကြောင့်
YOU ARE READING
အဖြူရောင်ချစ်ခြင်းမှ အစတည်၍
Romanceမိုးဥတုဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ သူကိုယ်တိုင်တောင် မသိလိုက်ဘဲ ကောင်လေးတစ်ယောက်ကို ချစ်မိမှန်းမသိ ချစ်မိလာခဲ့တယ် ထိုကောင်လေးက သူမနဲ့နီးနီးကပ်ကပ်လေးမှာ အမြဲရှိနေခဲ့ပေမဲ့ သူမတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကတော့ ချစ်သူဖြစ်ဖို့မပြောနဲ့ သူငယ်ချင်းတောင် မဟုတ်ကြတ...