အဲ့နောက်ပိုင်းကစပြီးတော့ သူ့ကို ကျွန်မဘယ်သွားသွားအမြဲတွေ့နေရတော့တယ်
ကျွန်မကတော့ သူ့ကို မသိချင်ယောင်ဆောင်ထားဆဲပါပဲကျွန်မအကြောင်း ကျွန်မသိတယ် အာရုံစိုက်မိရင် ကိုယ်ပဲ တစ်ဖက်သတ်ခံစားရေတာ့မယ့်အဖြစ်ကို....
တစ်ဖက်လူရဲ့အပြုအမူတွေက သာမန်ဖြစ်ရိုးဖြစ်စဉ်အတိုင်း ပြုမူနေခဲ့ရင်တောင် ကျွန်မရဲ့အတွေးတွေထဲမှာ တော့ သူ့ရဲ့အပြုအမူတွေက တွေးရင်း တွေးရင်းနဲ့ကို
အဓိပ္ပာယ်တွေဟာ တစ်မျိုးပြီးတစ်မျိုး နက်နဲလာတယ် စကားဝှက်တစ်ခုလိုမျိုး ...
ကျွန်မရဲ့ဦးနှောက်က ကိုယ်လိုရာကို ရောက်သည်အထိ အတွေးတွေကို ဆွဲဆန့်ပြီး ဖြန့်ကားနိုင်တယ်လေ
ဒါကြောင့် ကျွန်မက ကိုယ့်အတွေးနဲ့ကိုယ့်ကိုကိုယ်ပြန်သတ်တတ်တဲ့သူတစ်ယောက်လို့ ....
အတွေးတွေက သိပ်ကြောက်စရာကောင်းတယ် သတိထား ရှင်တို့....ဒီနေ့ တစ်လပြည့်ခဲ့ပြီ တက္ကသိုလ်ကျောင်းကြီးဖွင့်ခဲ့တာ
အင်း...ပြီးတော့ မှတ်မှတ်ရရသူလည်း ရောက်လာခဲ့တယ် ကျွန်မဆီကို.....“မိုးဥတု.....ငါနင့်ကို သဘောကျတယ်....”
ရုတ်တရက်ဖွင့်ပြောခံလိုက်ရခြင်းပါပဲ...ဒါပေမဲ့ ကျွန်မကို လွယ်မယ်လို့ ထင်ရင်တော့ ရှင်တို့မှားသွားလိမ့်မယ်...
အထူးသဖြင့် လူတစ်ယောက်က ချစ်တယ်ပြောတိုင်း လွယ်လွယ်နဲ့ယုံလွယ်ပျော်ဝင်သွားတတ်တဲ့ သူမျိုးမဟုတ်တော့လည်း အခက်သားပဲနော် အဟက်....ကျွန်မcrushအကြောင်း ကျွန်မကောင်းကောင်းကြီးသိတာပေါ့ ဘယ်လောက်တောင် ပွေရှုပ်လိုက်တဲ့ ကောင်ဇိုးလေးလဲဆိုတာ
တော်ကီတွေ မာယာတွေနဲ့လှည့်ဖျားပါလိမ့်မယ် ကောင်မလေးတွေရဲ့အသည်းနှလုံးေတွကို...
ဒီလိုကောင်ဇိုးလေးကို ကျွန်မပညာပြန်မပေးသင့်ဘူးလား
ကျွန်မရဲ့အရမ်းချစ်ရပါသော crushကြီးဖြစ်နေရင်တောင်မှလေ.....
အချစ်ကို မကစားသင့်ဘူးမဟုတ်လား
မည်သူတစ်ဦးတစ်ယောက်ကမှလေ...အချစ်ကို ကစားကြသူတွေအတွက် အပျော်တွေ ရသွားကြပေမဲ့
အချစ်ကို ဘဝလိုကိုးကွယ်ရူးသွပ်ခဲ့ကြသူတွေအတွက်ကရော ဘာတွေ ပြန်ရသွားကြတယ်ထင်လဲ ခန့်မှန်းကြည့်ကြပါဦး....
သူတို့သာ အချစ်ဆိုတဲ့အရာကို ဂိမ်းတစ်ခုလို ဆော့မကစားခဲ့ရင် ..
သူတို့ကြောင့် ကြေကွဲနာကျင်နေရတဲ့ နှလုံးသားေတွလည်း ရှိလာခဲ့မှာ မဟုတ်သလို
စက်ဆုပ်ရွံရှာစရာ သစ္စာဖောက်ပြားမှုတွေဆိုတာ စိတ်ကူးထဲတောင် ပေါ်လာခဲ့မှာ မဟုတ်ဘူး
YOU ARE READING
အဖြူရောင်ချစ်ခြင်းမှ အစတည်၍
Romanceမိုးဥတုဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ သူကိုယ်တိုင်တောင် မသိလိုက်ဘဲ ကောင်လေးတစ်ယောက်ကို ချစ်မိမှန်းမသိ ချစ်မိလာခဲ့တယ် ထိုကောင်လေးက သူမနဲ့နီးနီးကပ်ကပ်လေးမှာ အမြဲရှိနေခဲ့ပေမဲ့ သူမတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကတော့ ချစ်သူဖြစ်ဖို့မပြောနဲ့ သူငယ်ချင်းတောင် မဟုတ်ကြတ...