Part 9 Silent

167 13 0
                                    

“မိုးဥတု....နင်ဘာဖြစ်သွားတာလဲ...”

“ဟမ်...ဟို ငါဘာမှ မဖြစ်ပါဘူး ...ဒီတိုင်း ခဏလွင့်သွားရုံပါ...စိတ်မပူပါနဲ့...”
အပိုစကားပြောလိုက်မိခြင်းပါပဲ  ကိုယ့်နှလုံးသားကိုတောင် အ‌ေပျာ်ကစားမယ့်သူပဲ ငါ့ကို စိတ်ပူတယ်ဆိုတာ ဖြစ်နိုင်ရဲ့လား ...
မကောင်းတတ်လို့ မေးခြင်းမျိုးပါပဲ

“ငါကိစ္စရှိသေးလို့ အရင်သွားနှင့်တော့မယ် နင်လည်း စားပြီးရင် အတန်းပြန်တော့...ငါသွားပြီ”
သူပြန်မပြောနိုင်သေးခင်မှာပင် ကျွန်မလျှင်မြန်စွာ ပြေးထွက်လာခဲ့မိသည်....

ငါ့နှယ် သူမချစ်တော့လည်း နာကျင်ရ..
သူချစ်ပြန်တော့လည်း ငါထပ်နာကျင်ရပြန်တယ်
အချစ်နတ်မင်းကြီးရယ် ကျွန်မကို ဘယ်လိုထပ်လုပ်စေချင်ပြန်တာလဲ ထပ်ပြီးမနာကျင်ရတော့အောင်....

မဟုတ်ဘူး သူငါ့ကို ချစ်တယ်လို့မှ မပြောခဲ့ဘဲ သဘောကျတယ်လို့ပဲ ပြောခဲ့တာ
ငါကသာ မျှော်လင့်ချက်တွေ ထားမိနေခဲ့တာ
မိုးဥတု သတိဝင်စမ်း...သူက နင့်ကို အပျော်ကစားနေတာ
နင်က သူ့ကို ပြန်ပြီးပညာပေးဖို့ပဲ ဆုံးဖြတ်ထားတာ ပြန်ကြိုက်ဖို့ စဉ်းစားထားတာ မဟုတ်ဘူး နင်ရဲ့အုံပုန်းအချစ်တွေကို သိသွားရင် ဒီလူက နင့်ကို အကြီးအကျယ်ကြွေသွားမှာတဲ့လား သွားစမ်းပါ အဲ့တာရုပ်ရှင်တွေထဲမှာ...
သူလိုလူက ဘယ်သူ့ကိုမှ အတည်တွဲမှာ မဟုတ်ဘူး နင်အပါအဝင်ပဲ

ကျွန်မဒီရက်ပိုင်းကိုယ့်အတွေးနှင့်ကိုယ် တိုက်ပွဲတွေဆင်နွှဲနေရသည်
ရှုပ်ထွေးနေရတဲ့စိတ်အစဥ်ဟာ ထိုသူ့ကိုတွေ့တာနဲ့ပင် ပို၍ပင် အတွေးများလာစေသောကြောင့် မတွေ့မိအောင် မနည်းရှောင်နေရလေတော့သည်....

ထိုအချိန်တွင် ကံကောင်းသော တိုက်ဆိုင်မှုတစ်ခုပေပဲလားလို့ ပြောရမလိုအောင်ပင် ဒီစိတ်ရှုပ်ထွေးမှုတွေကနေ ထွက်ပြေးချင်နေတဲ့ ကျွန်မကို ကျွန်မ မိသားစုက ကယ်တင်ခဲ့လေသည်....

ပုပ္ပါးသို့ အလည်အပတ်သွားမည့်အကြောင်းနှင့်၄,၅ရက်လောက် နေရမည့်အကြောင်းကြားလိုက်ရချိန်တွင် ကျွန်မဘယ်လိုတောင် ပျော်မိမှန်းပင် မသိတော့...
အရေးကြီးဆုံးက ဒီနေရာ ဒီရပ်ဝန်းကနေ ခဏတာပျောက်ကွယ်သွားနိုင်ဖို့ပဲ
ရှုပ်ထွေးနေတဲ့ အတွေးတွေကို ဖြည်ဖို့ ကျွန်မအချိန်အနည်းငယ်ယူဖို့ တကယ်လိုအပ်နေပါသည်...
မရေရာမသေချာတဲ့အတွေးများနဲ့မျှော်လင့်ချက်မှန်စာကြိုးမျှင်များကလည်း တစ်စတစ်စချည်နှောင်တွယ်ကပ်လာပြီမို့ ....
ဒီထက်အချိန်ကြာရင် သူမရဲ့အတွေးများကြားထဲမှာ ကိုယ့်ဟာကိုယ်ပိတ်မိရင်း စိတ်လွတ်သွားနိုင်လေသည်...

အဖြူရောင်ချစ်ခြင်းမှ အစတည်၍Where stories live. Discover now