အခန်းငယ် - ၅

5.9K 335 20
                                    

လက်ထဲကထန်းရည်ခွက်ကိုငေးလိုက် အနားကမောင်ခင်ကိုကြည့်လိုက်နဲ့ ဖိုးလုံးတစ်ယောက် တွေဝေခြင်းများစွာဖြင့်ရှိနေလေသည်။

"မောင်ခင် ဖြစ်ပါ့မလားကွာ"

"ဖြစ်ပါတယ် မင်းဒီလိုကြောက်နေရင် ဒီတစ်သက်အစ်မ
နှင်းနုကိုရတော့မှာမဟုတ်ဘူး ငါ့စကားကိုယုံလိုက်"

ပြောရင်းဆိုရင်းပင် ခင်ခင်ပျိုတစ်ယောက် ဖိုးလုံးလက်ထဲကထန်းရည်ခွက်ကိုကိုင်ပြီး ကိုယ်တိုင်ကိုယ်ကျတိုက်လေသည်။

"မူးပြီလား"

"မမူးသေးဘူး ထင်တယ်"

တကယ်တမ်းကမူးနေပြီဆိုတာ မျက်လုံးတောင်ကောင်းကောင်းမဖွင့်တော့တဲ့ဖိုးလုံးကိုကြည့်ပြီး သိသားပဲ။ ကြောက်စိတ်ကြောင့်သာမမူးဘူးပြောနေတာ။

"ဒါဖြင့် ပတ်ချာအီစမ်း"

"မရတော့ဘူး မောင်ခင် မူးနေပြီ"

ဖိုးလုံးကိုလေး ငါး ဆယ်ပတ်လောက်ပတ်ချာအီခိုင်းလိုက်တာ ယိုင်တိုင်တိုင်ဖြစ်ပြီး ပျို့အန်‌ချင်နေတဲ့ပုံဖြစ်လာတာမို့
အမြန်ပင်ဘရိတ်အုပ်လိုက်ရသည်။

"ရော့ တန်းတန်းမတ်မတ်ကိုသွားပြီး ချစ်ရေးသွားဆိုပေတော့"

အစ်မနှင်းနုနေရာအရပ်ဖြစ်တဲ့အရပ်မျက်နှာကိုကိုယ်ကိုလှည့်စေပြီး နေရာချပေးတော့ မူးနေတဲ့ဖိုးလုံးတစ်ယောက် ခင်ခင်ပျိုကိုကြည့်လာရင်း ရယ်ပြသည်။

"ကျေးဇူးပဲကွာ"

"မလိုပါဘူး မင်းငါ့ကိုကူညီထားတာပဲ"

ထိုသို့ဆိုရင်းသူငယ်ချင်းနှစ်ယောက်မတူညီတဲ့အရပ်မျက်နှာကိုကျောခိုင်းကြရင်းနှုတ်ဆက်ခဲ့ပါသည်။
ခင်ခင်ပျိုမသိခဲ့တာက ဖိုးလုံးမူးမူးနဲ့ နှင်းနုရှိရာအရပ်
မရောက်ပဲ တခြားနေရာကိုရောက်သွားတယ်ဆိုတာ။

"နှင်းနုရေ ချစ်တယ်ဗျာ"

"အာဘွား"

"ဟာ !!!"

အာမေဍိတ်အသံများရဲ့အဆုံး ဖိုးလုံးတစ်ယောက်တော့
ဒုက္ခလှလှတွေ့လေပြီ။

"ဖိုးလုံးတစ်ယောက်မနေ့ညက ရဲဆေးတင်ပြီး ဘဘုန်းကြီးကို ရည်းစားစကားသွားပြောတယ်တဲ့တော်"

ခင်ခင်ပျိုရေ မမုန်းလိုက်နဲ့Where stories live. Discover now