Unicode
ပတ်ဝန်းကျင်တွင် အလင်းရောင်မှိန်ပျပျမှစ အရာအာလုံးကို သဲသဲကွဲကွဲမြင်လာရသည်အထိ နေမင်းကြီးသည် ကောင်းကင်ယံတွင် တစ်စတစ်စနေရာယူလာလေပြီ။
''ကလောင်..ကလောင်"
ဟာနွန်းအထက်တန်းကျောင်း၏ ကျောင်းတက်ခေါင်းလောင်းထိုးသံသည်လည်း အနီးအနားဝန်းကျင်တွင် ပျံ့နှံလျက်။
တစ်စုံတစ်ယောက်၏ ဆူပူကြိမ်းမောင်းသံမှာ ထိုခေါင်းလောင်းအသံနှင့်အတူ ဟိန်းထွက်နေသည်။
''မင်းတို့တွေကို ဒီလိုနားကပ်တွေမဝတ်ပါနဲ့လို့ မပြောထားဘူးလား...ဟမ်!!"
ဒေါကြီးမောကြီးနှင့် ပြောနေသည့် ဟာနွန်းကျောင်း၏ ကျောင်းကောင်စီဥက္ကဋ္ဌ Kim Seokjin ပင်..
မနက်အစောကတည်းက ကျောင်းဂိတ်ဝရှေ့တွင် ထိုင်စောင့်ကာ ကျောင်းသားများအား စည်းကမ်းတကျဖြစ်အောင် စောင့်ကြပ်နေခြင်းဖြစ်သည်။
ဟာနွန်းကျောင်းတွင် တက်ရောက်နေသောသူများထဲမှ ဆော့ဂျင်ထံတွင် ပင်တိုင်အဆူခံ ပြန်မပြောနားမထောင် ကျောင်းသားသုံးယောက်ရှိသည်။ ထိုသူတို့မှာ Yeonjun ၊ Soobin၊ Beomgyuတို့ပင်။
ထိုသုံးယောက်မှာ ယခုမနက်တွင်လဲ ထုံးစံအတိုင်း အဆူခံနေရပြန်ပြီ။
"ကျောင်းဝတ်စုံကိုလဲ လူလိုသူလို သန့်ပြန့်အောင်ဝတ်ပါဆိုတာကို!!...ပေတီးပေစုတ်နဲ့ ကျောင်းလာစရာလားကွ..!!! "
"မင်းတို့က ကြည့်စမ်း!!.. အခုလာနေတဲ့ ပင်''ပန်း''ရပ်ကွက်တကာလှည့်ရောင်းနေတဲ့ ရေခဲမုန့်သည် လောက်တောင် ပုံစံမလာဘူး''
Yeonjunတို့သုံးယောက်မှာ ပေစောင်းစောင့်မျက်နှာဘေးဖြင့် လှမ်းကြည့်လိုက်သော်
mini trackအသေးလေးနှင့် ဇိမ်ရှိရှိ အခန့်သားထိုင်ရောင်းနေသော ရေခဲမုန့်သည်ပင်။
Beomgyu : သူ့ကြည့်ရတာ နားအေးပါးအေးရှိလိုက်တာကွာ..
Soobin : ဟေ့ရောင်ရေ.. ငါတောင် အားကျနေပြီ အဲ့ဘဲကို
ထိုရေခဲမုန့်သည်မှာ ဝယ်သူမလာသေး၍ ခြေလေးချိတ် သီချင်းလေးတစ်ညည်းညည်းနှင့် သတင်းစာတောင်ဖတ်နေလိုက်သေးသည်။