Unicode
" မင်း..မင်း ဒီမှာ ဘာလုပ်နေတာလဲ?"
Seokjin တုန်လှုပ်သောအသံဖြင့် မေးလိုက်ပေမယ့် Kim Taehyungကတော့ ယခင်ကအတိုင်း ဘာမှမပြောဘဲ တိတ်တဆိတ်လှည့်ထွက်သွားပြန်သည်။
Seokjinမှာတော့ လှည့်ထွက်သွားသော Kim Taehyungကို နားမလည်နိုင်သော မျက်လုံးများနှင့် ကြောင်အမ်းအမ်း ကျန်နေခဲ့သည်။
"အယ်.. ဘာလဲဟ"
"ဒီလိုဖြစ်လာမှတော့ ဘယ်တတ်နိုင်မလဲ.. ငါလဲ ငါလုပ်စရာရှိတာ ဆက်လုပ်ရမှာပဲ"
Seokjinတစ်ယောက် မိမိကိုယ်ကိုယ် မိမိ ပြန်အားခဲလိုက်ပြီး အလုပ်မီးဖိုချောင်ထဲသို့ ပြန်ဝင်လာခဲ့သည်။
-----------------------
ခဏအကြာ..
Maid Cafeဆိုင်မှ waiterတစ်ဦးဖြစ်သူ Park Jiminသည် ခဏနားရန် ဆိုင်အနောက်ဘက်သို့ ဝင်လာခဲ့သည်။
" ကဲ.. အရှေ့မှာ လူလဲကျသွားပြီဆိုတော့.. အနောက္မှ ခဏဝင်နားလိုက်ဦးမယ် "
" ဟယ်.. မီးပိတ်ထားတာလား"
Park Jiminလဲ ဘာမှသိပ်စဥ်းစားမနေဘဲ မီးပြန်ဖွင့်လိုက်သည်။
ထိုစဥ်..
"အား!!!.... သရဲ သရဲ.."
" သူဌေးရေ.. အနောက်ဘက္မှာ ပခုံးအကျယ်ကြီးနဲ့ သရဲက ဒူးထောက်ပြီးထိုင်နေတယ်!!!
ထိုအခါမှ ငြိုးငယ်စွာဖြင့်ပြောသော အသံတစ်သံထွက်လာခဲ့သည်။
" အကို.. အကိုJimin.. ကျွန်တော်ပါ..Kim Seokjin"
" ဟ..!! မင်း ဒီမှာဘာလုပ်နေတာလဲ"
" ကျွန်တော်.. စိတ်ဓာတ်ကျနေတာပါ"
"ဘယ်သူက စိတ်ဓာတ်ကျရင် အလုပ်မီးဖိုခေျာင်ထဲမှာ ဒူးထောက်ပြီး ထိုင်လို့လဲ!!! ငါ့ကို လန့်သေအောင်လုပ်နေတာလား ခွေးကောင်လေးရ!!!"
---------------------------
ညေနအလုပ်ချိန်ပြီး၍ Seokjin ပုံမှန်အဝတ်အစားပြန်လဲကာ အလုပ်မှဆင်းရန် ပြင်တော့သည်။
" သူဌေး..ပြန်လိုက်ပါဦးမယ်"
"အေး.. ဂရုစိုက်ပြန်ဦး Seokjinnie"
"ဟုတ်ကဲ့"
ထို့နောက် Seokjinလည်း အလုပ်ဆင်း၍ ဆိုင်အနောက်ဘက်တံခါးမှပြန်ထွက်လာခဲ့သည်။