"ဪ.. အန်တီ"
ဟူချူ့ကိုယ်စားသူ့ကိုရှင်းပြလာသည့်ဂျီမင်းရဲ့အမေဖြစ်သူကို သူ.. ဟူချူ့ကိုချီထားလျက်ပင်ခေါင်းညိတ်၍ ဦးစွာနှုတ်ဆက်လိုက်သည်။
"အားနာစရာကြီး.. အန်တီရယ်။ ဂျီမင်းကလဲ.. ဟူချူ့ကိုသူသွားမကြိုနိုင်ရင်မကြိုနိုင်ဘူးပြောမှပေါ့။ သူသွားကြိုပေးမယ်ဆိုလို့အမှုမဲ့အမှတ်မဲ့နေလိုက်မိတာ။ အလကားသက်သက်အန်တီ့ကိုဒုက္ခပေးမိသလိုဖြစ်သွားပြီ.. အားနာလိုက်တာ"
"မဟုတ်တာပဲကွယ်။ ကျောင်းသွားကြိုပေးရတာ ဘာအပန်းကြီးတာလိုက်လို့.. အန်တီလည်းချူချူလေးကိုမတွေ့တာကြာလို့လွမ်းနေတာ.. အခုလိုလေးတွေ့လိုက်ရတော့အလွမ်းပြေသွားတာပေါ့"
"ကျေးဇူးတင်ပါတယ်.. အန်တီ"
"အို.. ဒါတွေပြောနေစရာမလိုပါဘူး.. သူစိမ်းတွေမှမဟုတ်တာ။ ကဲ.. ဆော့ဂျင်လည်းရောက်ပြီဆိုတော့အန်တီပြန်တော့မယ်။ ဂျီမင်းတို့အဖေကိုထမင်းပြင်ပေးရဦးမှာမို့လို့"
"ဟုတ်ကဲ့.. အန်တီ။ ချူချူ.. ဖွားဖွားကိုနှုတ်ဆက်ဦးလေ"
"ကောင်းကောင်းပြန်ပါ.. ခင်ဗျာ"
"အေးကွယ်"
ဂျီမင်းအမေ သူတို့သားအဖကိုနှုတ်ဆက်ပြီးထွက်သွားတော့မှဆော့ဂျင် ဟူးခနဲလေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။ ဟူချူ့ကိုမငြီးမငြူဝိုင်းထိန်းပေးကြတဲ့အပြင် ငွေရေးကြေးရေးကအစလိုလေသေး မရှိအောင်ကူညီပေးတတ်တဲ့ဂျီမင်းရဲ့အဖေနဲ့အမေကိုအမြဲအားနာရလွန်းလို့အကူအညီထပ်ယူရမှာမျက်နှာပူပါတယ်ဆိုမှ...
"ဒီ.. ဂျီမင်းတစ်ယောက်ကတော့လေ.... "
~တင်းတောင်.. တင်းတောင်~
ကြားလိုက်ရတဲ့လူခေါ်ဘဲလ်သံကြောင့်ခဏတာပျံ့လွင့်သွားသောအတွေးတို့ကိုပြန်လည်စုစည်းကာ..
"Appa.. ဘယ်သူလဲ"
မျက်တောင်လေးပုတ်ခတ်,ပုတ်ခတ်လုပ်ရင်းမေးလာသည့်ဟူချူလေးရဲ့မေးခွန်းကိုအပြုံးဖြင့်တုံ့ပြန်၍..
"အင်း.. Appa ဖိတ်ထားတဲ့ဧည့်သည်.. တံခါးသွားဖွင့်ပေးလိုက်"
လို့ပြောလိုက်တော့ဟူချူလေးကသူ့ကိုယ်ပေါ်ကဆင်းကာတံခါးဆီသို့ပြေးသွားပြီး..
YOU ARE READING
Tie the Knot (✔️)