"ဦး သဘောပါ "
ခေါင်းလေးငုံပြီးတိုးငြင်းစွာပြောလာတဲ့ဇနကြောင့် အကြည့်လွှဲပေးလိုက်ကာ bodygard တွေကိုသွားလို့ရပြီဖြစ်ကြောင်း လက်ပြ ပြီးအချက်ပေးလိုက်တော့ လူတိုင်းအလျိုလျိုထွက်သွားကြသည်။
ထမင်းစားခန်းထဲတွင် တိတ်ဆိတ်နေတဲ့အခြေအနေနဲ့အတူ ဇနနဲ့ နှိုင်းနှစ်ယောက်ထဲသာကျန်တော့သည်။
နှိုင်းလဲထိုင်နေရာကနေ့ထလာပြီး ဇနကိုမချီကာစားပွဲပေါ်တင်ပေးလိုက်သည်။ ထို့နောက် နှုိင်းသည်စားပွဲပေါ်လက်ထောက်ကာလက်နှစ်ဖတ်ကြားထဲ ဇနကိုရှိစေကာစိုက်ကြည့်နေသည်။ ရုပ်တရက်ဖြစ်သွားတဲ့အခြေအနေကြောင့်ဇနလန့်သွားသည်မှာအမှန်ပင်။ ဇနလဲ နှိုင်းကို မဝံ့မရဲကြည့်လိုက်သည်။
"ကိုယ်ဘာကြောင့်အခုလိုလုပ်လဲသိလား ငယ်"
ခေါင်းလေးရမ်းကာ အောက်နှုတ်ခမ်းလေးကိုက်ပြီးခေါင်းငုံ့သွားသောဇနလေးအား နှိုင်းတစ်ချက်မှအကြည့်မလွှဲပဲ လေးလေးနက်နက်ပြောလိုက်သည်။
"ငယ့်ကို ကိုယ်စိတ်ပူတာ ငယ်သိပါတယ်နော်"
ဇနလဲခေါင်းလေးငြိမ့်ပြီးအတည်ပြုလိုက်သည်။
"ကိုယ့်မှာရန်သူတွေအများကြီးရှိတယ်ငယ် ကိုယ့်ရဲ့အားနည်းချက်ဆိုတာကလဲ မင်းလေးပဲ ဒါကြောင့်ကိုယ်ဒီလိုလုပ်ရတာ ကိုယ့်ကိုနားလည်ပေးနိုင်မလား ငယ်"
ဇနခေါင်းတစ်ဆက်ဆက်ငြိမ့်ကာ စိတ်ထဲလဲအနည်းငယ်ရှင်းသွားခဲ့သည်။ဦးက ကောင်းဖို့လုပ်ပေးတာ ချုပ်ချယ်မှု့မဟုတ်ဘူးဆိုတာကိုနားလည်သွားသည်။
"နားလည်ပါပြီဦး"
နှိုင်းလဲတစ်ချက်ပြုံးလိုက်ပြီးဇနရဲ့နှုတ်ခမ်းနုနုအားဖိကပ်နမ်းရှိုက်လိုက်သည်ကြောင့်ဇနရဲ့မျက်လုံးလေးလဲမှေးစင်းသွားပြီးအလိုက်သင့်လေးပြန်နမ်းပေးလိုက်သည်။
အနမ်းတွေမလုံလောက်သေးပေမယ့်အသက်ရှုကျပ်မည်ဆို၍နှိုင်းလွှတ်ပေးလိုက်ကာ မျက်နှာလေးကိုကြည့်နေလိုက်သည်။
"သိပ်လှတယ် ကိုယ့်ရဲ့အပိုင်လေး"
ဇနရှက်ပြုံးလေးနှင့် ခေါင်းလေးငုံကာ နှိုင်းရဲ့လည်တိုင်ကိုဖတ်ထားလိုက်သည်။
part 38
Beginne am Anfang