34.Counselling

518 80 12
                                    

" Jay hyung ဘယ်လိုဖြစ်သွားလဲဆူဘင်း ဟို ဟိုလူရော သေသွားလားဟင် "

ဆူဘင်းဆေးရုံကိုရောက်တာနဲ့ပထမဆုံးမေးဖြစ်တဲ့မေးခွန်းဖြစ်သည်။
ဆူဘင်းကတော့ ခေါင်းခါပြီးသက်ပြင်းကိုသာချလျက်.

"အဲ့လူက သေသွားတယ် ဒါပေမယ့် သူ့ကိုဘယ်သူပစ်မှန်းမသိလိုက်ကြဘူး

ဘာလို့လဲဆိုတော့ အဲဒီနေ့က ငါတို့ရောက်ရောက်ချင်း လူစုခွဲပြီးရှာဖို့ပြင်ကြတယ်  အထဲကအခြေအနေကိုမသိရတော့ ရမ်းမဝင်ရဲကြဘူး

ဦးလေးဘဲ့ဟိုက ညွှန်ကြားချက်တွေပြောနေတုန်းကို သေနတ်သံကြားလိုက်တော့ မင်းကိုစိတ်ပူတာနဲ့ အကုန်လုံးတားနေတဲ့ကြားက ငါတစ်ယောက်ပဲ အထဲကိုအရင်ပြေးဝင်ခဲ့တာ

အခန်းကိုတော်တော်ရှာလိုက်ရတယ်

အဆောက်အဦး၃ခုကတစ်ဆက်တည်းဖြစ်နေတော့အထဲမှာ မျက်စိလည်နေတာ တော်တော်နဲ့မင်းကိုမတွေ့ဘူး

Jay hyung က မင်းကိုပွေ့ပြီး အခန်းတစ်ခုထဲကထွက်လာလို့သာ မဟုတ်ရင်ရှာရတာကြာနေမှာ

သူ့ကြည့်ရတာ အရမ်းစိတ်ပူပြီးစိတ်နဲ့ကိုယ်နဲ့မကပ်သလိုဘဲ
ငါ့ကိုတွေ့တော့
ဂျောင်ဝန်းနီးကိုကယ်ပေးပါဦးလို့ပဲ တစ်ဖွဖွပြောနေတယ်

ငါလည်း လူနာတင်ကားပါတာမို့ ငါခေါ်သွားမယ်ဆိုမှ မင်းကိုငါ့ဆီလွှဲပေးလိုက်ပြီး
ဘယ်သူမှမမြင်ခင်သူထွက်သွားတာပဲ

ငါမလာခင်က ဘာတွေဖြစ်ခဲ့တာလဲ အကျိုးအကြောင်းမသိရသေးတာမို့ ဦးလေးဘဲ့ဟိုကို ငါဘာမှမပြောထားသေးဘူး

အခု အမှုက ကိုယ်တွင်းအင်္ဂါမှောင်ခိုမှုပါ ပါလာလို့ ဦးလေးဘဲ့ဟိုက အထက်ကိုလွှဲပေးလိုက်ရပြီ

သေသွားတဲ့ညီအကိုနှစ်ယောက်က နာမည်အတုနဲ့ အဲဒီမှောင်ခိုလောကထဲမှာ ကျင်လည်နေတာ သူတို့နဲ့ဖက်စပ်လုပ်နေတဲ့တရုတ်ဂိုဏ်းက လက်နက် ကိုယ်တွင်းအင်္ဂါ မူးယစ်ဆေး အကုန်လုပ်တာဆိုတော့ နိုင်ငံတကာက အလိုရှိနေတာကြာပြီ
သူတို့ကမဟုတ်တာတွေအကုန်လုပ်ပြီး အန္တရာယ်များလို့ ပစ်မိန့်တောင်ပေးထားတာ
အဲလောက်ဆိုးတဲ့သူတွေပဲ

ERROR-SIGNAL(Completed) Where stories live. Discover now