" လက်ကိုဖယ်လိုက်စမ်း မင်းကများရာရာစစ.."
ကျွန်တော့်အင်္ကျီကိုဆွဲချွတ်နေတဲ့ ထိုသူကိုတွေ့လိုက်ပြီးနောက် Jay hyungရဲ့မျက်နှာမှာ လူသတ်ချင်တဲ့အရိပ်အယောင်တွေပြည့်နှက်နေသည်။
အံကိုကြိတ်ထားရလို့ နားထင်ကြောများပင်ထောင်နေသည်ကိုတွေ့လိုက်ရသည်။Jay hyungကိုတွေ့လိုက်တော့ ထိုသူက ချထားတဲ့ဓားကိုကောက်ပြီး ကျွန်တော့လည်ပင်းမှာထောက်ထားသည်။
တစ်ကိုယ်လုံးနာကျင်နေသည့်အပြင် ဓားနဲ့ထောက်ထားသော ထိုလူ၏လက်များက တုန်ယင်နေသောကြောင့် ဓားသွားက လည်ပင်းကိုစူးနေတာမို့ အသက်ရှူပင်အောင့်ထားမိသည်။
"မင်း မင်းကိုငါတည်နေရာမပြောရသေးဘဲနဲ့ ဒီကိုဘယ်လိုရောက်လာတာလဲ Jay
ရှေ့တိုးမလာနဲ့နော် "" ဒီမှာ မင်းလိုချင်တဲ့ သက်သေတွေမှတ်တမ်းတွေ ဓားကိုချလိုက်
ယူပြီးအေးအေးဆေးဆေးထွက်သွားတော့ မဟုတ်ရင် ဒီနေရာမှာတင်မင်းကိုငါသတ်မိလိမ့်မယ်"Jay hyung ပစ်ပေးလိုက်တဲ့ သက်သေ မှတ်တမ်းတွေကို လက်တစ်ဖက်ဖြင့် ဆွဲယူစစ်ကြည့်ပြီးနောက်ထိုသူက
" ငါလိုချင်တာရပြီဆိုတော့ မင်းဟာလေးကိုမင်းဆီပြန်ပေးလိုက်မယ်
မင်းလာတာမြန်သွားလို့ပေါ့ကွာ ဟားဟားဟား "ထိုသို့ပြောကာ ကျွန်တော့်ကိုထိုင်ခုံမှာချည်ထားတဲ့ကြိုးတွေကိုဓားနဲ့ ဖြတ်တောက်ပေးလိုက်ပြီး ထိုင်ရာမှထစေသည်
" မလှုပ်နဲ့ တံခါးနားရောက်ရင် လွှတ်ပေးမယ်"
ကျွန်တော့်ကိုဖမ်းချုပ်ထားပြီးတံခါးနားကိုတရွေ့ရွေ့ချဥ်းကပ်နေချိန်တွင် Jay hyungသည် သည်းခံနိုင်သမျှအစွမ်းကုန်သည်းခံထားရသောကြောင့် လက်သီးများကျစ်ကျစ်ပါအောင်ဆုပ်လျက်ရှိသည်။
တံခါးနဲ့ နီးကပ်လာချိန်တွင် ထိုသူက ကျွန်တော့က်ို Jay hyungဘက် တွန်းပို့လိုက်သည်။
ကျွန်တော့်ကိုပြေးပွေ့လိုက်ပြီး ထိုသူပြန်လုမှာ စိုးရိမ်နေသည့်အလား ကျွန်တော့်ကိုထိုသူနဲ့အဝေးရာဘက်သို့ဆွဲလှည့်လိုက်ကာ စိုးရိမ်တကြီး ကြည့်နေသည့် Jay hyung ၏ မျက်ဝန်းတွင်မျက်ရည်တို့ရစ်ဝဲနေသည်။
YOU ARE READING
ERROR-SIGNAL(Completed)
Fanfictionဒီတက်တူးက ခင်ဗျားအတွက် SIGNAL တစ်ခုဆိုပေမယ့် အကြီးဆုံး ERROR တစ်ခုလည်းဖြစ်တယ် Park Jay မိုးစက်တွေနဲ့အတူ ကျွန်တော့ဘဝထဲကိုဝင်လာတယ် မိုးစက်တွေနဲ့အတူခွင့်မတောင်းဘဲ ပြန်ပြီးထွက်သွားပြန်တယ် မိုးတွေရွာရင်ကော်ဖီလေးတ...