"အထဲဝင်ပီး မျက်နှာကိုနဲနဲဆေးကြောရမယ်"
Kinn က အခုမှ ငရဲခန်း ကနေ လွှတ်ခဲ့သလို သက်ပြင်းမောကို မှုတ်ထုတ်ပီး အိမ်ထဲကို ဦးဆောင်ဝင်ဖို့ ခြေလှမ်းပြင်သည်...

"ခဏ...နေအူး!"
ကျွန်တော် သူ့နောက်အမှီပြေးလိုက်ပီး အိမ်ပေါက်ဝမှာ ပိတ်ရပ်လိုက်ကာ ဘောင်းဘီအိတ်ထဲက စီးကရက်တစ်လိပ်ကိုထုတ် ၊ မီးညှိလိုက်သည်...
Kinn က ကျွန်တော့်ကို 'ဘာလဲ' ဆိုသည့်သဘောဖြင့် မျက်ခုံးပင့်ကြည့်လာတော့ -

"၅၀၀၀၀"
နှုတ်ခမ်းမှာ စီးကရက်ကို ခဲထားရင်း ခပ်တိုးတိုးပြောလိုက်သည်...

"ဟမ်???"
Kinn က ကျွန်တော့်ကို မယူံနိုင်သလိုကြည့်ပီး ခပ်ဟဟ ရီကာ -
"မနေ့ညက ငါ့နာရီ -"

သူ့စကားမဆုံးခင် တံတွေးတချက်ကို အမြန်မျိုချပီး -
"မနေ့ညက မနေ့ညပဲ"
သူ့နာရီကို ပြန်တောင်းလာမည်ကို ကြောက်တာမို့ နဲနဲလည်း ခပ်တင်းတင်း ခပ်ရိုင်းရိုင်း ပုံစံလုပ်ကာ ပြောလိုက်တယါ... ဒါမှ ကျွန်တော့်ပုံစံကိုကြည့်ပီး ပြန်မတောင်းရဲတော့မှာပေါ့...
သူ့နာရီကို ကျွန်တော် ပြန်ပေးချင်တယ်ဆိုရင်တောင်မှ နာရီက ရောင်းစားလိုက်ပီလေ...
အဲ့ကရတဲ့ငွေတွေက - Chay ရဲ့ ကျူရှင်စရိတ်၊ အိမ်ခန်းထဲက အဲကွန်းပြင်စရိတ်၊ တခြားအကြွေးတွေ ပါ ဆပ်လိုက်လို့ ဘာမှတောင် မကျန်တော့ဖူး...

"မနေ့ညတုန်းက ၅၀၀၀၀ တောင်းတယ်၊ အခုည ၅၀၀၀၀ ထပ်တောင်းတယ်. အဲ့တော့ ၁၀၀၀၀၀ ... မနေ့ညက မင်းကိုပေးခဲ့တဲ့ နာရီက မင်းတကယ် နားလည် သိတတ်မယ်ဆိုရင် ရောင်းစားလိုက်ရင် ၄၀၀၀၀၀ တောင် ရနိုင်တယ်ကွ ... သေချာတွက်ချက်လိုက်ရင် ငါပေးတာကတောင် ပိုလျှံနေသေး"
သူက ကျွန်တော့်ကို စချင်နေသည့်ပုံစံ ခေါင်းတဖက်ကို စောင်းပီးတောင် ခပ်ရွဲ့ရွဲ့လှောင်ပြုံး ပြနေ၏...

ဒီတခေါက်မှ ကျွန်တော် သူ့ကို သေချာ ကြည့်ဖြစ်တယ်... သူ့ရဲ့ မျက်လုံးတွေက ထက်မြက်တဲ့ပုံစံ ရှိပီး အရောင်တွေတဖျက်ဖျက်လည်း တောက်နေတယ်... သူက သာမာန်လူတော့ လုံးဝ မဖြစ်နိုင်ဖူးဆိုတာ သိသာလှသည်...
သူ့ဘယ်ဖက်မျက်လုံးအောက်ဒေါင့်နားမှာ အစိမ်းရောင် အမှတ်တခု... သူ့လေသံကလည်း အနောက်ဥရောပ လေသံ ရောချင်နေတယ်... အကုန်ခြုံကြည့်ရင် အလွန်ချမ်းသာသော အထက်တန်းလွှာ အိမ်တော်တစ်ခု ကပဲ ဖြစ်ရမည်...

KinnPorsche (Myanmar Translation)Where stories live. Discover now