33.​လူသတ်မှုထက်ပိုသော

Start from the beginning
                                    

Jay hyungရင်ခွင်ထဲရောက်ချိန်မှာ လူက လှုပ်ပင်မလှုပ်နိုင်တော့တဲ့အထိပင်ပန်းနေပြီဖြစ်သည်။

" ကိုယ်တောင်းပန်ပါတယ် ကိုယ့်ကြောင့်..."
ဝမ်းနည်းမှုကြောင့်တုန်ယင်နေသော Jay hyungရဲ့အသံက ကျွန်တော့ရင်ကိုလာရိုက်ခတ်သည်။

" ကျွန်တော်ဘာမှမဖြစ်ဘူးလေ hyungရဲ့ "

ကျွန်တော်တို့နှစ်ယောက်ကိုကျောခိုင်းကာထိုသူကထွက်သွားဖို့
တံခါးဖွင့်မည်အပြု
ရဲကားသံများအရေးပေါ်လူနာတင်ယာဥ်အသံများကိုကြားလိုက်ရသည်။

စောက်ကျိုးနည်း ...
ဆူဘင်းကို အသံပိတ်ပြီးလာခဲ့ဖို့မှာရန် မေ့သွားသည်။

Jay hyung ကျွန်တော့်ကို အာရုံစိုက်နေချိန်တွင်
ထိုသူက ရဲကားသံများကြောင့်ထွက်မသွားတော့ဘဲနောက်သို့ပြန်လှည့်လာပြီး

" မင်းနဲ့ငါနဲ့ အလဲအလှယ် အဆင်ပြေနေပြီးသားကို ဘာလို့ရဲတွေခေါ်ခဲ့တာလဲ ယုတ်မာတဲ့ကောင် " ဟုဆိုကာ
သူ့ကိုနောက်ကျောပေးပြီးကျွန်တော့်ကိုပွေ့ထားတဲ့  Jay hyungကို
လက်ထဲကဓားနဲ့  ရုတ်တရက် ပြေးထိုးလိုက်တာမြင်ရတော့ ကျွန်တော်မျက်လုံးတွေပြာထွက်သွားသည်။

ရှိသမျှအားကုန်သုံးပြီး Jay hyungကို တစ်ဖက်ဆွဲလှည့်လိုက်ချိန်မှာတော့ ဓားသွားက ကျွန်တော်ခါးဆီ စူးဝင်လာသည်ကိုခံစားလိုက်ရသည်။

" ဂျောင်ဝန်းနီးး "

Jay hyungရဲ့အော်သံကြောင့် hyungရဲ့ ဒေါသတို့က မထိန်းချုပ်နိုင်လောက်အောင် အမြင့်ဆုံးသို့ရောက်သွားပြီဖြစ်ကြောင်းသဘောပေါက်လိုက်သည်။

ကျွန်တော့်ကိုပွေ့ထားရင်း hyungက သူ့ခါးဆီမှ သေနတ်တစ်လက်ကို ဆွဲထုတ်လိုက်သည်ကိုတွေ့လိုက်ရသည်။
ထို့နောက် လက်တစ်ဖက်ဖြင့် ကျွန်တော့်မျက်လုံးတွေကိုကာပြီး

" babe နားတွေခဏပိတ်ထားနော် ကိုယ့်ကိုခွင့်လွှတ်ပါ"

ထို့နောက် hyung ရဲ့ လက်မောင်းဆီက တုန်ခါမှုကိုခံစားလိုက်ရပြီး သေနတ်သံနှင့် သားသတ်ရုံပိုင်ရှင်၏ အော်သံကြီးကိုပါတစ်ဆက်တည်းကြားလိုက်ရပြီးနောက် ကျွန်တော်လည်း လောကကြီးနဲ့အဆက်အသွယ်ပြတ်တောက်သွားခဲ့လေသည်။
.
.

ERROR-SIGNAL(Completed) Where stories live. Discover now