extra -2

700 22 8
                                    

Unicode

သမုတိရာဇ် POV ;

11.11.2016

သမု ကျောင်းကပြန်လာတော့ ကားမှတ်တိုင်မှာ ငုတ်တုတ်လေးထိုင်နေတဲ့ သွေးသစ်ကိုတွေ့လိုက်သည်.....။

အချိန်အခါမဟုတ်ပေမယ့်ဆောင်းတွင်းကြီးမှာ မိုးကဖွဲဖွဲလေးကျလို့ အဖြူရောင်  T-shirt လက်တိုနဲ့ သွေးသစ်က ကားမှတ်တိုင်မှာ ငုတ်တုတ်လေးထိုင်လို့....!!

သမုကားကို လမ်းဘေးတွင်ရပ်ကာ သွေးသစ်ကို ‌ကြည့်နေလိုက်သည်....။

သမု စိတ်ကို ထိန်းပေမယ့် ရောက်ရှိသွားသည်က သွေးသစ်နား ကားတစ်စီးလုံးကို လမ်းဘေးတွင် ပစ်ထားပြီး ရောက်သွားခဲ့သည်က သွေးသစ်ရှိရာအရပ်ဆီ....။

သမု ကားလမ်းကို ဖြတ်ကူးလာတော့ သွေးသစ်က သမုကိုကြည့်နေလိုက်သည် မျက်တောင်မခတ်ပဲ အံ့ဩခြင်းများနှင့်....။

' ပြုံးလိုက်တယ် ....ချစ်သက်က အခုမောင့်ကိုပြုံးပြလိုက်တယ်...ဟုတ်လား '

သမုရဲ့ နှုတ်ခမ်းပါးများက ဘေးနှစ်ဖက် မသိမသာ တွန့်သွားတာ သမုသာသိပါပေလိမ့်မည်....ထိုသို့အပြုံးမမည်သော အပြုံးက အခုနဲ့ဆို လေးကြိမ်မြောက် သမုရဲ့ ၁၉နှစ်တာ ကာလပတ်လုံး အပြုံးက လေးကြိမ်မြောက်.....!!!

သမု ချက်ချင်းမျက်နှာတည်ကာ ကားလမ်းတစ်ဝက်မှာတင် ရပ်ပြီး ကားဆီသာ ပြန်သွားလိုက်သည်...။

ချစ်သက်ကတော့ မြင်ပါလိမ့်မယ် ငါ့ကို ခပ်စူးစူးသာကြည့်ပြီး ကားဆီပြန်လှည့်သွားတဲ့လူလို့ မိုးရွာထဲ ကားလမ်း အလည်ခေါင်မှာ ရပ်ပြီး ပြန်လှည့်သွားတဲ့ အရူးလို့သာ....

ချစ်သက်ရဲ့ နားလည်မှုလွဲတာတွေလည်း မောင်မတည့်မှတ်ချင်ဘူး ဘာလို့ဆို အဲ့လိုအထင်လွဲအောင် မောင်က တမင်လုပ်နေတာလေ ....

'မဖြစ်ဘူးလေ မဖြစ်ဘူး သမုတိရာဇ် မင်းအဲ့လိုလုပ်လို့မရဘူးလေ မရဘူးနော် မရဘူး '

သမု ခေါင်းကိုခါယမ်းကာ ကားကိုသာ ဆက်မောင်းသွားလိုက်သည်.....။

' ဒါပေမယ့် မှတ်တိုင်ရှေ့က ချစ်သက်လေးကို မောင် ဓာတ်ပုံရိုက်ဖို့မမေ့ခဲ့ပါဘူး မောင့်ချစ်သက်ရယ် ....ဒီမောင်ကလေ ဒီမောင် က မင်းကို အရမ်းချစ်တာ ချစ်သက်ရဲ့ ဒီနေ့က 11လပိုင်း 11ရက်မှာ မောင် ဆုတစ်ခုပဲ တောင်းပါ့မယ်...

Before time Passes (အချိန်မလွန်ခင်)[Complete]Where stories live. Discover now