part-19

3.1K 202 47
                                    

Uni

"မင်းဘာတွေ လျှောက်လုပ်နေတာလဲ ဟမ် သမုတိရာဇ်....!!! မင်းငါမွေးထားတဲ့ သားမှဟုတ်ရဲ့လား...!! ငါဒီလိုသင်ပေးထားလို့လား..."

"....."

ဦးစေခရာဇ်က သမုအကျီကော်လံကနေစောင့်ဆွဲကာ အံကြိတ်ပြောလိုက်သည်...။

"ငါမင်းကို ပညာတွေသင်ပေးထားတာ ခုသူများသားသမီးကို ခုလိုလုပ်ဖို့မဟုတ်ဘူး... ခုငါ အသိုင်းအဝိုင်းမှာ ဘယ်လိုမျက်နှာပြရမလဲ 'မင်းသားကဖောက်ပြန်လို့ ဟိုက မရရအောင်ကွာပြီးထွက်ပြေးသွားတာမလား ၊ မင်းသားက တစ်ခုလတ်မလား' ဆိုပြီး သူများမေးသမျှခေါင်းငုံ့ခံနေရမှာလား ဟမ်...!!! သမုတိရာဇ်ပြောစမ်း....!!"

သမု ဦးစေခရာဇ်၏ လက်တွေကို ပုတ်ထုတ်လိုက်ပြီး

"ဒယ်ဒီမှာ ဒယ်ဒီ့အတ္တတွေကြည့်ပဲ မေမေအချစ်ကိုမရတာနဲ့ ကျွန်တော့ကို မင်းမချစ်မိစေနဲ့ မင်းချစ်တဲ့သူကိုအနားခေါ်ထား အဲ့ဆုံးမစကားတွေက ကျွန်တော့နားထဲ ခုထိအထပ်ထပ်ကြားဆဲဗျ....!! ခုမှ ကျွန်တော်က အမှားကြီးမှားသွားတဲ့လူပေါ့ ....ဒယ်ဒီ့စကားတွေ တစ်သွေမသိမ်း နားထောင်ခဲ့တဲ့ ဟောဒီလူက လူယုတ်မာကြီးပေါ့.... ဟုတ်လား...."

သမုပြောလည်းပြော ကိုယ့်ရင်ဘတ်ကိုလည်းထုရိုက်လို့.....!! နှစ်ထပ်အိမ်လေး၏ ဧည့်ခန်းအတွင်း သားဖ နှစ်ယောက်၏ အကြည့်စစ်တိုက်မှုများက ပြင်းထန်လို့.....!!

"ကျွန်တော့ အသက် ငါးနှစ် မေမေဆုံးတော့ ဒယ်ဒီဘာပြောခဲ့လဲ ကိုယ့်ကိုချစ်တဲ့သူမထွက်သွားအောင် နည်းအမျိုးမျိုးနဲ့ ဆွဲထားရမယ်ဆို အာ့မှ ဒယ်ဒီ့လို မနာကျဉ်ရမှာတဲ့....!!! "

"အရက်မူးနေတဲ့ ဒယ်ဒီ့စကားက ငါးနှစ်သားဖြစ်တဲ့ ကျွန်တော့ရဲ့စိတ်ထဲ ရိုက်သွင်းခဲ့တဲ့စကားတွေ...!!! "

"ကျွန်တော့် အသက် ၇နှစ်... အိမ်ကခွေးကို ကျွန်‌တော်သေလောက်အောင်ချစ်တော့ အချစ်က အဆိပ် သုံးစားမရဘူးဆိုပြီး ဒယ်ဒီ သတ်ပစ်ခဲ့တာမဟုတ်ဘူးလား...!!!
နောက်ပြီး ဆက်ပြောသေးတယ်ဘာ ကိုယ်က မချစ်မိစေနဲ့ ကိုယ့်ကိုချစ်တဲ့သူကိုတော့ အနားခေါ်ထားဆိုတာတွေ ဒါတွေကရော....!!! ကျွန်တော့အသက် ၅နှစ်ကနေ ၁၈နှစ်အထိ ဒယ်ဒီရိုက်သွင်းခဲ့တဲ့စကားတွေ....

Before time Passes (အချိန်မလွန်ခင်)[Complete]Where stories live. Discover now