part-8

3.6K 280 7
                                    

Unicode

မင်းစည်သာ မိနစ်နှစ်ဆယ်လောက် ‌လိုက်ရှာကြည့်တော့ ကိုသွေးသစ် phoneတည်နေရာကိုရရှိလာသည်။ ထိုနေရာက "...."
ဆေးရုံ....

စည်သာ သိသိချင်း bossကို phoneခေါ်လိုက်ပြီး....

"Hello boss ကိုသွေးသစ်က .....ဆေးရုံမှာပါ..."

"သူက ဘာလို့ အဲ့‌နေရာကို ရောက်နေတာလဲ..."

'Bossရယ် ကျွန်တော်က ဘယ်လိုလုပ်သိမှာလဲ တကယ်ပါပဲ ငါလေး ရူးချင်လာပြီ....' စည်သာ စိတ်ထဲကပဲပြောလိုက်ကာ အပြင်မှာတော့

"မသိပါဘူး boss"

"စောက်သုံး ကိုမကျဘူး"

ပြောကာ တန်းphoneချ‌သွားသော သမု....။

'ငိ့ bossကလည်း သူပဲ ကိုသွေးသစ်ကို အရေးမလုပ် ၊ ခုမှ လာပြီး ဂရုစိုက်နေတာ ကြားထဲက ငါပဲမကောင်းတယ် ...အမေရေ ဒီကသားလေးကို ကယ်ပါ....' စည်သာလည်း မျက်နှာလည်း ရှုံ့မဲ့ ရှုံ့မဲ့နဲ့ လုပ်လက်စ စာရင်းတွေပဲ ထိုင်စစ်နေလိုက်တော့သည်။

သမုမှာ တော့ ကားသော့ကိုယူကာ ဆေးရုံသို့ အမြန်မောင်းလာလိုက်တော့သည်။

လမ်းတွင်.......

"ကျစ်.....စောက်ရေးမပါတာ ယဉ်ထိန်းရဲတွေက ဘာလုပ်နေလို့ လမ်းက ခုလောက်ထိ ကျပ်နေရတာလဲ ....!!
မေနိုး......‌ဒင်းတို့ကြောင့် သေမယ့်လူဆို သေနေလောက်ပြီ...."

သမု steering wheelကို ရိုက်ကာ မျက်ခုံးနှစ်ခုထိစပ်သည်အထိ မျက်မှောင်ကျုံ့ ထားလေသည်။

လမ်းနဲနဲရှင်းတာနဲ့ ဆေးရုံသို့ အမြန်ပင်မောင်းထွက်လာခဲ့တော့သည်.....။

~~~~~~~~~~~~

ဆေးရုံးအရောက် counterရှိ nurseမများအားမေးကာ သွေးသစ် အခန်းရှိရာသို့ လှမ်းလာခဲ့သည်..။

"ဟဲ့ အဲ့တာ Kကုမ္မဏီက CEOမလား...?ချောလိုက်တာနော်"

"CEO ကအရေးကြီးသုတ်ပြာနဲ့ဘယ်လိုဖြစ်တာလဲ တစ်ခါမှ ခုလိုယောက်ယက်ခက် နေတာ မမြင်ဖူးပါဘူး"

"အေးနော်....ဘာဖြစ်တာလဲမသိဘူး"

"CEO ကောင်မလေးတစ်ခုခုဖြစ်လို့လားမသိဘူး"

"ဟယ်နင်ကလည်း မဟုတ်ကဟုတ်က CEO မှာ တရားဝင်ယောကျာ်းရှိတယ်လေ...ဘယ်ကကောင်မလေးလဲ"

Before time Passes (အချိန်မလွန်ခင်)[Complete]Where stories live. Discover now