part-6

3.5K 312 7
                                    

Unicode

ထိုဆိုင်ထဲတွင်တော့.....

"သမုတိရာဇ်...မင်းမချစ်နိုင်ရင်တောင် သွေးသစ်ကိုစိတ်ဒဏ်ရာတွေမပေးနဲ့ကွာ..အေး မင်းဆက်ပြီးခုလိုတွေလုပ်နေမယ်ဆို ငါ သွေးသစ်ကို မင်းဆီကနေမရရအောင်ဆွဲထုတ်သွားရလိမ့်မယ် "

"ဟက်....! ဆွဲထုတ်မယ်ဟုတ်လား...သူလားလိုက်မှာ ခုနေ အဲ့ကောင်ကို ငါပြန်ချော့ကြည့်လိုက် ချက်ချင်းပါလာမှာ.....မင်းသာကောက်ရိုးပုံထိုင်စောင့်တဲ့‌ခွေးလိုလုပ်မနေနဲ့.....!!! "

"ဘာကွ.....မင်း...!! "

ဝဠာစိတ်တိုစွာနှင့် သမု အကျီကော်လံကိုဆွဲကာ ထိုးမည်အလုပ်.....

"ဝဠာ...ယသော်တောင်းပန်ပါတယ်နော်...ရန်မဖြစ်ကြပါ‌နဲ့တော့ ကိုကိုလည်းတော်ပါတော့ ယသော့်ကိုမသနားဘူးလား.."

ယသော်မျက်ရည်ဝဲစွာဖြင့်တားလိုက်မှ သမုငြိမ်ကျသွားသည်။

ဝဠာလည်း တောက် တစ်ချက်ခေါက်ကာ ဆိုင်ထဲမှထွက်လာပြီး သွေးသစ်ကို လိုက်ရှာမိသည်။

~~~~~~~~~~~~

သွေးသစ် shopping mallထဲမှထွက်ကာ ပြေးမိပြေးရာပြေးရင်း ပန်းခြံတစ်ခုထဲသို့ရောက်လာတော့သည်။

"မေမေ ကျွန်တော် ဘာလုပ်ရမလဲ..? ကျွန်တော့်မှာ မာနရော သိက္ခာတွေပါမရှိတော့ဘူး....မေမေတို့ ရွေးချယ်ပေးတဲ့သားမက်က သိပ်ကောင်းတော့ ကျွန်တော့်မှာ နေ့တိုင်း....‌‌ နေ့တိုင်း မျက်ရည်မကျရတဲ့နေ့မရှိသလို တစ်လမှာ ဆယ်ငါးရက်လောက်က သွေးထွက်နေကြ.....

ပျော်ရဲ့လားဗျာ.....ကျွန်တော်လေ ပြိုလဲချင်နေပြီ သိရဲ့လား..? ဒါကလည်း ကျွန်တော့်မိုက်ပစ်တွေသာ....

ကျွန်တော်သာ သမုနဲ့ မတွေ့ခဲ့ရင်.......

ကျွန်‌တော်သာ သမုကို မချစ်မိခဲ့ရင်......

ကျွန်တော်သာ သမုနဲ့ လက်မထပ်ဖြစ်ခဲ့ရင်......

သိပ်ကောင်းမှာ အခုတော့ 'အချစ်' ဆိုတဲ့ခေါင်းစဉ်အောက်မှာ ကျွန်တော့်နာကျဉ်မှုတွေပဲ ကျန်တော့တယ်.....

ကျွန်တော်တို့ အိမ်ထောင်သက် နောက်တစ်ပတ်ဆို တစ်နှစ်ပြည့်ပြီဗျ....အမ်း...ကျွန်‌တော်ချစ်မိတာတော့ ဆယ်နှစ်ရှိပြီ .....ဆယ်နှစ်.....!!

Before time Passes (အချိန်မလွန်ခင်)[Complete]Where stories live. Discover now