အပိုင်း(၆၃)-တွဲကြမလား၊ ခေါင်းဆောင်ကျန်း?

Start from the beginning
                                    

"ခွဲရာလေးက လှလား?"

ယန်ရှယ်​၏ မျက်ဝန်းတို့တွင် ရွှတ်နောက်နောက်အပြုံးတို့ ဖြစ်တည်လာ​၏။ ကျန်းထင်ကမူ သူ့စကားကို အရေးမလုပ်။

"ဒီနေရာက ဒဏ်ရာအတွက် မသင့်တော်ဘူး။ မင်း အိမ်ပြန်တော့။"

သို့သော် သူမတ်တတ်ထလိုက်သည်နှင့် ယန်ရှယ်က လက်ကို ဆွဲချလိုက်သောကြောင့် ခုတင်ပေါ်နောက်တစ်ခါ ပြန်ကျသွားပြန်သည်။

"ငါမှ မပြန်ချင်တာ။"

ယန်ရှယ်သည် လေသံလေးနှင့်

"ဒီမှာနေပြီး မင်းကိုပဲ တစိမ့်စိမ့် ကြည့်နေချင်သေးတယ်။"

အမြဲတစေ ခံစားချက်ကင်းမဲ့ပြီး ကြွက်သားများပြေလျော့နေလေ့ရှိသော ကျန်းထင်​၏ မျက်နှာတွင် ဤတစ်ကြိမ်တော့ အမျိုးအမည်မသိသော ရှုပ်ထွေးခြင်းတို့ ဝင်ရောက်လာသည်။ သို့သော် ယန်ရှယ်​၏ ပူချစ်နေသော လက်ဖဝါးကြားမှ သူ့လက်ကို ပြန်ဆွဲမထုတ်နိုင်သလို bathrobeကိုတစ်ချိန်လုံးကိုင်ပြီး ထိုင်လည်းမဟုတ်၊ ထလည်းမဟုတ်အနေအထား၌ ကြာကြာမနေနိုင်ချေ။ နှစ်ယောက်လုံး အတန်ကြာ မတိုးသာမဆုတ်သာဖြစ်နေကြပြီး ကျန်းထင်မှာ သည်းမခံနိုင်တော့ဘဲ

"မင်းတကယ်ပဲ.........."

အစမရှိ အဆုံးမရှိ ထပြောသော စကား ဖြစ်သော်ငြား ယန်ရှယ်ကမူ သူဘာပြောချင်မှန်း နားလည်သဖြင့် ချက်ချင်း ဖြတ်ပြောလေ​၏။

"ငါလဲ ရှင်းအောင်မပြောတတ်တော့ဘူး။ မင်းထင်တဲ့အတိုင်းပဲ။"

ကျန်းထင်က ဆိုသည်။

"ဒါက မင်း အမှုလိုက်ရင်းလိုက်ရင်း အဆုံးသတ်ရောက်ပြီး မျှော်လင့်ချက်မဲ့သွားတဲ့အချိန် ဘေးလူတစ်ယောက်ကို မျက်လုံးစုံမှိတ်ယုံမိသွားတဲ့အတွက် ကိုယ်ခံစားရတဲ့ခံစားချက်ကို မှားယွင်း ကောက်ချက်မိတာ၊ စိတ်ပညာအရပြောရရင် ကြိုးတံတားသက်ရောက်မှုပေါ့။ ငါမင်းကို ခံစားချက်ရဲ့ နှစ်ခွသီအိုရီကို ခွဲခြားနားလည်စေချင်တယ်။ ခန္ဓာကိုယ်ရဲ့ နှိုးဆော်မှုကြောင့် ဖြစ်တာနဲ့ စိတ်ကဖြစ်တဲ့ခံစားချက်ကြောင့် သိမြင်လာတာက မတူညီတဲ့ အကြောင်းအချက်နှစ်ခုပဲ။ မတော်တဆ ဒီနှစ်ခုကို ရောထွေးမိသွားပြီဆိုရင်တော့ ဦးနှောက်ရဲ့သဘာဝအရ နှလုံးခုန်တာလိုလို ဓာတ်လိုက်တာလိုလို ထင်ယောင်ထင်မှားတွေဖြစ်အောင် လှုံ့ဆော်ပေးလိမ့်မယ်......"

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now