Book (1) : 00

2.5K 147 3
                                    

Chapter : 00 - အဆိုးဆုံးနဲ့ စတင်သည်...

>> Porsche's Pov <<

ဘား နောက်ဖေးလမ်းကြားမှာ အမှိုက်ထုပ် လာပစ်ရင်း ဆေးလိပ်ဖွာနေစဉ် ပြိုလဲသံ ပြုတ်ကျသံ တချို့ကြားလိုက်ရသည်...
နံရံကိုကျောမှီထားရာကနေ နဲနဲရှေ့ကိုင်းပီး လှမ်းကြည့်လိုက်တော့ မြေပြင်ပေါ်မှာ ကူကယ်ရာမဲ့စွါ လဲနေပီဖြစ်သော လူတစ်ယောက်ကို လူ ၅ယောက် ၆ယောက် လောက်က မနားတမ်းဝိုင်းကန် ဝိုင်းထိုး နေကြတဲ့မြင်ကွင်း...

"ဘယ်လိုတောင်အကြောတင်းတဲ့ကောင်လဲဟ!!"
ဝိုင်းထိုးနေကြတဲ့အဖွဲ့ထဲက တစ်ယောက်ဆီကနေ အသံထွက်လာတယ်...

ဒီလိုမြင်ကွင်းမျိုးတွေက ဘား နောက်ဖေးလမ်းကြားတွေမှာ ကြုံတွေ့နေကျ မြင်ဖူးနေကျ မို့ အကြည့်ပြန်ရုတ်လိုက်ပီး ဆေးလိပ်ကို နှစ်ချက် သုံးချက်လောက် ရှိုက်ပီးသည်နှင့် နောက်ဖေးတံခါးကနေတဆင့် ဘား ထဲကို ပြန်ဝင်ဖို့ ခြေလှမ်းပြင်လိုက်၏...
ဒီအချိန်ဆိုတာ ဘားမှာ လူနည်းစပြုပီဖြစ်တဲ့အချိန်... တချို့ တွေက အိမ်ပြန်ဖို့ အငှါးယာဉ်စောင့်နေကြတယ်... တချို့တွေက အိမ််ကိုပြန်ခေါ်ဖို့ လမ်းဘေးမှာ အသင့်စောင့်နေကြတဲ့ ကောင်မလေးတွေကို သူတို့ရဲ့ ယာဉ်တွေပေါ် တင်ခေါ်သွားကြတယ် ...တချို့တွေကလည်း လက်ရဲဇက်ရဲ ဘား နောက်ဖေးမှာ တစ်ပွဲတစ်လမ်းနွှဲဖို့ မှောင်ရိပ်ခိုကြတယ်... တော်နေက ကျွန်တော် မြင်ခဲ့တဲ့ အဖွဲ့လိုပေါ့...

ကျွန်တော် ရဲ့ အချိန်ပိုင်းအလုပ်ချိန်ကလည်း ပီးပီမို့ အိမ်ပြန်ဖို့သာ အားသန်နေပီ...
ကျွန်တော်က ဆိုးရွားယုတ်မာတဲ့ လူမျိုးတော့ မဟုတ်ပေမဲ့ တော်ရုံတန်ရုံ သူတပါးရဲ့ အရှုပ်အထွေးကိစ္စတွေထဲ မပါမိအောင် ရှောင်တယ်...
အထူးသဖြင့် သူ့ကို မကူညီရကောင်းလားဆိုပီး ကျွန်တော့် ကို ပါးစပ်ကနေ ကျိန်စာတွေ တသီကြီးတိုက်နေတဲ့ မြေပြင်ပေါ်ကတစ်ယောက်လိုမျိုးဆို ပိုဆိုးပဲ ...
ဒီလူ ရိုက်ခံရမဲ့ ကိစ္စ တစ်ခုခု လုပ်ခဲ့လို့ ရိုက်ခံရတာနေမှာပေါ့ ... ကျွန်တော် ဂရုမစိုက်နိုင်ပေါင်...

ဘားမှာ ညလုံးပေါက်နီးပါး လုပ်ထားရတော့ အံသေချင်သလို ကျင်တက်နေတဲ့ လက်တွေကို မြှောက်ပီး ဘား နောက်ဖေး တံခါး ကို ဖွင့်ဝင်ဖို့ တံခါးလက်ကိုင်ပေါ် လက်တင်ရုံရှိသေး တုန်ရီနေသော လက်တစ်စုံက ကျွန်တော့်လက်တွေကို လာဆွဲနေလို့ -
"ငါ့ကိုမဆွဲထားစမ်းနဲ့ "
နှုတ်ခမ်းမှာ ခဲထားတဲ့ စီးကရက်ကိုလည်းမြေပြင်ပေါ်ထွေးထုတ်ချလိူက်သည်...
စိတ်ပျက် လက်ပျက် လှည့်ကြည့်မိတော့ အသက်နဲ့ကိုယ် အိုးစားမကွဲအောင် အတင်းရုန်းကန် ကြိုးစားနေတဲ့ ထိုသူက သူ့ရဲ့လက်တွေနဲ့ ကျွန်တော့် အင်္ကျီအစ ကို ဆွဲထားပြန်သည်..
"ငါ့ကို ကူညီပါ!!!"

KinnPorsche (Myanmar Translation)Kde žijí příběhy. Začni objevovat