သေဆုံးသူမှာ မစ္စတာ တိုင်မီ ဖြစ်ပြီး သက်ငယ် မုဒိန်းနဲ့ ထောင်ကျ‌နေခဲ့ရာ ခု မှ ပြန်လွှတ်လာသည်။

တိုင်မီ နဲ့ ရန်ငြိုးရန်စ ရှိသူများက ပဲ သတ်လေသလား၊မိဘ ဆွေမျိုးများထဲကပဲ သတ်လေသလား။

သို့သော် စုံစမ်းမှု အပြီးတွင် တိုင်မီ ထောင်က လွှတ်လာတာ မည်သူမှ မသိသေး။

တစ်ခု ထူးခြားသည်ကို ရဲတွေ တွေ့ခဲ့ရသည်။အလောင်း၏ ဗိုက်ပေါ်တွင် ကြာပန်းပုံ ဆွဲထားခြင်းပင်။ဓားဖြစ်စေ ချွန်ထက်တဲ့ အရာတစ်ခုနှင့် ဖြစ်စေ မညီမညာ ခြစ်ထားခြင်းပင်။

လူသတ်သမားရဲ့ သင်္ကတက ကြာ။

ဒီအမှုမှာ သက်သေမရှိ။လက်စ လက်န လည်း မရှိ။ပိရိသည်။ကောင်းကင်ပေါ်က ဘီလူးကများ ဆင်း သတ်လေသလား မသိ။လိုက်လို့ မရအောင်ပင် အမှုက ကွင်းဆက်‌ ပြတ်နေသည်။

တောစပ် နားတွင် နေထိုင်သည့် အဖိုးကြီးကတော့ ဇန်နဝါရီ 4ရက်နေ့ မတိုင်ခင် လွန်ခဲ့သည့် တစ်ပတ်က အနက်ရောင်ခေါင်းစွပ်၊တစ်ကိုယ်လုံ အမဲရောင် ဝတ်ဆင်ထားသော အမျိုးသား တစ်ယောက် ဒီနား တစ်ဝိုက် ရစ်သီ ရစ်သီ လုပ်နေခဲ့သည် ဟု ထွက်ဆိုခဲ့သည်။

လူသတ်သမားက အနက်ရောင် ခေါင်းစွပ်နှင့် တစ်ကိုယ်လုံး ဆွေးဆွေးနက်အောင် ဝတ်ဆင်ထားသည်။

အဘိုးကြီးက မျက်လုံး မှုန်သည်။ထို့ပြင် ဝေဝေဝါးဝါးပုံရိပ်ကိုပဲ အဝေးမှ သူ မြင်ခဲ့ရသည်။သို့သော် အမှန် မြင်ခဲ့ရသည့်အတိုင်း ဟန်လုပ်၍ ထွက်ဆိုလိုက်တာ လူသတ်သမားကို အရပ်ခပ်ပုပု ဟု။

ရဲတွေကလည်း ပုံသေ မှတ် ချပစ်လိုက်သည်။လူသတ်သမားသည် အနက်ရောင် ဝတ်ဆင်ထားသည်။အရပ်ပုသည်။

သို့နှင့် နောက် တစ်နှစ်တွင် ပါရီမြို့လယ်တည့်တည့်ရှိ နာမည်ကြီး ဇိမ်ခံ ဟိုတယ် ပေါ်တွင် နောက်ထပ် အမှုတစ်မှု က ဆိုက်ရောက်လာပြန်သည်။

ဒီတစ်ခါ အမှုက ပြင်သစ်ရဲတွေကို မျက်ပြူး ဆန်ပြာ ဖြစ်သွားစေသည်။

‌အသတ်ခံရသူ မှာ ရဲတွေ ပင် မထိရဲ၍ မျက်ကွယ်ပြုထားရသော မာဖီးယားဂိုဏ်း ခေါင်းဆောင် အလက္ဇန္ဒား။

'LOTUS KILLER' {Ongoing}Where stories live. Discover now