ရဲများက ဂရုစိုက်နေဖို့ ပျင်းလွန်းပါသဖြင့် ယင်ဟောက်ကို သာ ရဲကားပေါ်သို့ ခေါ်သွားတော့သည်။

မင်္ဂလာဆောင်ပွဲက ဒီလိုနဲ့ပျက်စီးသွားတော့၏။ သတို့သားကိုရဲဖမ်းသွားပြီး ဧည့်သည်တွေကတော့ထိတ်လန့်နေကြရသည်။ သူတို့ ဒီမှာ ဆက်မနေချင်တော့တာကြောင့် တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြသည်မှာ တချို့ဆို နှုတ်တောင်မဆက်ပဲ ထွက်သွားကြသည်။

ရှန်ယွီရှန်းက ချန်းနင်ကိုကာကွယ်ပေးထားဆဲ။ သူတို့ကားပေါ်တက်ဖို့ပြင်တော့ အဘွားအိုက သူ့ကို တားဆီးလိုက်သည်။ 

"နင့်လက်ချက်မလား? ဟုတ်တယ်မလား?" 

ညိုမှိုင်းနေသည့် မျက်နှာက ဟယ့်ချန်းနင် ကို ပေါက်ထွက်မတတ်စိုက်ကြည့်လျက်။

ဟယ့်ချန်းနင် ကဆို၏။

"ခင်ဗျားမှာ သက်သေရှိလို့လား?"

အဘွားကြီးသည် စကားတစ်ခွန်းမှ မပြောနိုင်သည်မို့ သွေးများကို လည်ချောင်းထဲပြန်မျိုချရုံသာတတ်နိုင်တော့၏။

ယင်ကျိနျန် က အစအဆုံး စကားတစ်ခွန်းမှ မပြောခဲ့ပါ။  သူက ဒီအဖြစ်အပျက်တွေအကုန်လုံးကို အပြင်လူတစ်ဦးအနေနဲ့သာ ကြည့်ရှုနေခဲ့သည်ပင်။  အချိန်အများစုကတော့ ဟယ့်ချန်းနင်အပေါ်ပဲအကြည့်တွေ ရှိနေခဲ့ပြီး ဘာတွေတွေးနေမှန်းတော့ဘယ်သူမှမသိနိုင်။

လင်ကျင်းရှန်က ပျက်စီးယိုယွင်းနေသော မင်္ဂလာပွဲမြင်ကွင်းကို ကြည့်ရင်း သူမ၏မျက်လုံးများတွင် မာနနှင့်တင့်တယ်မှုများပျောက်ကွယ်သွားခဲ့ချေပြီ။  သူမ ကံကြမ္မာကဘယ်လိုဖြစ်လာမလဲမသိစွာနဲ့ပဲ စိတ်ဓာတ်ကျနေတဲ့ ဘောလုံးတစ်လုံးလို မြေပြင်ပေါ်မှာ လဲကျသွားခဲ့တယ်။  သူမမှားခဲ့တာ။ သူမနှင့်မသက်ဆိုင်တဲ့ အရာတွေကိုမလိုချင်ခဲ့သင့်ဘူး။ သူမမထိသင့်တဲ့လူတွေကိုလဲမထိခဲ့သင့်ဘူး။ အခုသူမရဲ့လောဘကြောင့် ကိုယ့်ကိုကိုယ်ဖျက်ဆီးခဲ့မိပြီ။

အရင်က လင်မိသားစုမရှိရင်တောင် သူမမှာ ယင်ဟောက် ရှိနေသေးသည်။ သူတို့ကြားက ဆက်ဆံရေးက ဘယ်လိုပဲဖြစ်နေပါစေ လင်းမိသားစုရဲ့ မျက်နှာကို ကြည့်ပြီး သူမသက်တောင့်သက်သာနေနိုင်ခဲ့မှာပေမဲ့  အခုတော့ တစ်ခုတည်းသော ကျောထောက်နောက်ခံ မရှိတော့ဘူး။  ဒီပျက်စီးနေတဲ့ ခန္ဓာကိုယ်ကို ဘယ်သူက ဂရုစိုက်မှာတဲ့လဲ။

ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည် [ဘာသာပြန်]Where stories live. Discover now