31

1.7K 81 2
                                    


ဒေါ်နန်းသုသုသော်တစ်ယောက် ဆေးရုံကဖုန်းဆက်ပြီးတဲ့နောက် မျက်ဝန်းအိမ်မှမျက်ရည်တွေစီးကျလာပြီး လက်တွေပါတုန်လာတော့သည်။

ကိုင်ထားတဲ့လက်ထဲက ဖုန်းဟာကြမ်ပြင်ပေါ်သိုပြုတ်ကျသွားသလို ဒေါ်နန်းသုကိုယ်တိုင်ဟာလည်း ကြမ်ပြင်ထက်သို့အရုပ်ကြိုးပျက်ထိုင်ချလိုက်မိသည်။

မဟုတ်ဘူးမလား အဟင့် စောနလေးတင်က စောနလေးတင်ကပဲ သူ့တူနဲ့လင်းနဲ့က သူ့ကိုအတူတူပွေ့ဖက်နှုတ်ဆက်ခဲ့သေးတာလေ အခု အခုတော့...အဟင့် ဘာလို့လဲ ဘာလိုကံကြမ္မာကရက်စက်ရက်တာလဲ ဘာမှမရှိတော့တဲ့သူ့ဘဝထဲက တစ်ယောက်ပြီးတစ်ယောက်ဆွဲထုတ်ရက်ကြတာလဲ ဘာလို့အမုန်တရားဘက်က ကံကြမ္မာကရှိမနေပေးရတာလဲ

ဒေါ်နန်းသုလည်းဆေးရုံကိုသွားရန်အတင်းကုန်ထလိုက်တော့သည်။ ထိုစဥ်ကြမ်းပြင်ပေါ်က ကြေမွ့နေပြီဖြစ်တဲ့ဖုန်းက မြည်လာဒါကြောင့် ဒေါ်နန်းသုကိုင်လိုက်မိသည်။

"ဟယ်...ဟယ်လို နန်း...နန်းသုသုသော်ပြောနေပါတယ်"

"အဟား....ဟား....ဟား... ဘယ်လိုလဲ ဒေါ်နန်းသုသုသော်ရဲ့ ငါပေးလိုက်တဲ့လက်ဆောင်ကိုကြိုက်ရဲ့လား ဟား...ဟား...ဟား နင်တို့ တူဝရီနှစ်ယောက်ကိုငါပြောသားပဲ ငါ့ကိုလာမယှဥ်နဲ့လို့ အဟင်းအခုတော့ ဘယ်နှယ့်ရှိစ"

"နင် မြင့်မြတ်ခင် နင်ထောင်ကျသွားပြီမဟုတ်လား ဘယ်လိုလုပ်ပြီး...."

"အဟား....ဟား....ဟား....ဟား....နင်ရော နင့်တူရောက ကလေးအတွေးတွေနဲ့ငါ့ကိုလာယှဥ်နေသေးတယ် ငါဆိုတဲ့မြင့်မြတ်ခင်က ဘယ်တော့မှ လွယ်လွယ်အရှံးပေးတတ်တဲ့သူမဟုတ်ဘူး အဲနေ့ကတည်းကပဲ ငါထွက်ပြေးလာခဲ့တာ "

"နင်ဘာလို့ငါ့ကလေးတွေကိုအခုလိုလုပ်ရက်ရတာလဲ နင့်ကိုထောင်ကျအောင်လုပ်တာငါလေ ငါ့ကိုသတ်လို့ရတာကိုဘာလို့..... ဘာလို့ ငါ့ကလေးတွေကိုအခုလိုလုပ်ရက်ရတာလဲ"

"အဟက် ဒါလား အဟက်နင့်ရဲ့အသက်က နေမင်းခ အော်မဟုတ်ဘူး စိုင်းနောင်နဲ့လင်းလက်သစ်မဟုတ်လား အဟင်းအဲ့တော့ငါလည်း အဟင်း"

"နင်....နင်.....ဘယ်လိုလုပ်ပြီး နေခရဲ့...."

"ဒါကလွယ်ပါတယ် ဒါပဲနော် ဆေးရုံကိုလည်းအမြန်လိုက်သွားလိုက်ဦးတော်ကြာအသက်မမှီပဲနေဦးမယ် အော်ပြီးတော့ လင်းလက်သစ်ရဲ့ဗိုက်ထဲက ကလေးလေးကရောအသက်ရှိသေးရဲ့လားမသိဘူး အဟင်း ဒါပဲနော်....ဟား...ဟား...ဟား"

Together with youOnde histórias criam vida. Descubra agora