အပိုင်း21⚠⚠

3.5K 100 0
                                    

"ကိုယ့်ကို လက်ထပ်ခွင့်ပြုပါ ငယ်"

လင်း သူ့ရှေ့မှာလာပြီး လက်ထပ်ခွင့်တောင်းတဲ့ နေမင်းခ ကြောင့် လင်း အတော်အံသြော်သွားမိသည်။ သူထင်တာက အမမြတ်သီရိခိုင်ကို လက်ထက်ခွင့်တောင်းမယ်ထင်ထားတာ အခုတော့သူဖြစ်နေတာပဲ
ဘေးနားက ကင်မရာသမားတွေကလည်း ထိုမြင်ကွင်းကိုအလွတ်မပေးပဲ ဓာတ်ပုံများတဖြတ်ဖြတ်ရိုတ်နေကြတော့သည်။

နေမင်းခနဲ့ လင်းလက်သစ် တစ်ယောက်နဲ့တစ်ယောက် ရပ်ကြည့်နေတုန်း သူတို့ဘေးက မြတ်သီရိခိုင်ဆီက အားလုံးကြားလောက်တဲ့အသံမျိုးထွက်လာတော့သည်။

"လင်းလက်သစ် နင်ကတကယ်ကို စောက်ရှက်မရှိတဲ့ကောင်ပဲ...ကိုယ့်အမရဲ့ ကောင်လေးကိုပြန်လုတာနင်မရှက်ဘူးလား ဟမ်"

"မမ....ကျနော်...."

မြတ်သီရိခိုင်စကားကြောင့် ပွဲလာတဲ့ပရိတ်သတ်အပေါင်းဆီက စကားသံတွေ တစ်ယောက်တစ်ပေါက်ထွက်လာကြတော့သည်။လင်းလက်သစ်ကိုလည်း အပြစ်တင်ဝေဖန်သံတွေစုံနေတော့သည်။ မြတ်သီရိခိုင်ကတော့ ထိုဝေဖန်သံတွေကိုသဘောတကျနားထောင်ရင်းလင်းလင်သစ်ကိုပြုံးပြုံးကြီးကြည့်နေတော့သည်။

ထိုအခါ နေမင်းခက အားလုံးကြားအောင်

"မမြတ်သီရိခိုင် ခင်များမှားနေပြီ ခင်များနဲ့ ကျနော်နဲ့ ဘာမှမပတ်သတ်ခဲ့ဖူးဘူး ခင်များဘက်က အမြင်တွေစောင်းနေတာပါ တကယ့် တကယ် ပတ်သတ်ဖူးတာက ဟော့ဒီက လင်းလက်သစ်ကိုပါ ပြီးတော့ ကျနော့်ရဲ့မိတ်ဖက်ဆိုလဲ မမှားဘူးပေါ့"

"မယုံဘူး...ငါမယုံဘူး...ဒါဆိုဘာလို့နင်ငါ့ဆီကိုချည်းကပ်ခဲ့သေးလဲ ငါ့ကိုချစ်တယ်လို့ပြောသေးလဲ"

"အဟက်...မမြတ်သီရိခိုင်မှားနေပြီ ခင်များကိုကျနော်ချစ်တယ်လို့ ဘယ်တုန်းကမှမပြောခဲ့ဖူးဘူး ချည်းကပ်တယ်ဆိုတာကလဲ...."

"မပြောနဲ့....မကြားချင်ဘူး...ငါမယုံဘူး နင်ငါ့ကိုဘယ်လုပ်ပြီး သက်သေပြမှာလဲ"

"ကောင်းပြီလေ alphaတစ်ယောက်မှာ ကိုယ်ပိုင်မိတ်ဖက်ရှိရင် သူ့ရဲ့ pheromone ကို သူ့ရဲ့မိတ်ဖက်ကပဲရတယ်ဆိုတာ ဟောဒီပွဲကိုလာတဲ့ မိတ်ဖက်ရှိတဲ့ alphaတိုင်းသိကြမှာပါ"

Together with youWhere stories live. Discover now