အပိုင်း ၄

2.6K 112 0
                                    

နန်းသုစကားကြောင့် ဒေါ်မြင့်မြတ်ခင်တစ်ယောက် ဒေါသအကြီးအကျယ်ထွက်သွားတော့သည်။

"တောက် မင်းလိုမိန်းမပျက်မက ငါ့ကိုပြောရဲတယ်ပေါ့ဟုတ်လား"

"အဲ့လိုမိန်းမပျက်ကိုပဲ ရှင့်သား မြက်မင်းတမန်ကလိုက်ပတ်သတ်နေတာလေ မိန်းမပျက်ကရှင့်သားကိုလာပတ်သတ်နေတာမဟုတ်ဘူး"

"တောက် ကောင်မ နင်ကများလုပါးဝလို့"

"ကြည်ပြာ ငါတို့သွားရအောင် ဒီအခန်းက အပေါ်ယံအပြင်အဆင်တွေကကြည့်လို့ကောင်းပါရဲ့ဒါပေမယ့် အခန်းထဲကအနံက နံဟောင်နေတာပဲ ငါအသက်ရူကြပ်တယ်သွားရအောင်"

"ဟုတ် မသု"

နန်းသုလည်းထိုအခန်းထဲကလှည့်ထွက်ခဲ့တော့သည်။ မဟုတ်ရင်ဟိုအဘွားကြီးနဲ့နပန်းဖက်လုံးရမယ်အဆင့်ပင်။

"မြတ်မင်းတမန် မင်းကြားလား မင်းကြားလိုက်လား မင်းအမေငါ့ကိုအဲ့အပျက်မကပြောသွားတာ အဲ့ဒါမင်းကြောင့် မင်းကြောင့်"

"သားတောင်းပန်ပါတယ်အမေရယ် သားနောက်ခါမဖြစ်စေရပါဘူး"

"တော်စမ်း ငါအိမ်ပြန်မယ်"

ဒေါ်မြင့်မြတ်ခင်လည်း အိမ်သို့ထွက်လာရန်ပြင်လိုက်သည်။ ထိုအချိန်သူမခေါင်းထဲရောက်လာတာက ဆေးရုံက omegaကောင်လေးကိစ္စကြောင့် အိမ်သို့မမောင်းပဲ ဆေးရုံသို့သာမောင်းလာရတော့သည်။

ဆေးရုံထဲရောက်တော့ရုပ်ဖျက်ကာ နပ်သ်မလေးများကိုထိုကောင်လေး အခန်းကိုမေးကြည့်လိုက်တော့သည်။ နပ်စ်မလေးတွေပြောတဲ့အခန်းကိုလာတော့ လူနာကုတင်ထက်မှာလှဲနေတဲ့ထိုကောင်လေကသူ့ကိုလည်းမြင်ရော လန်သွားသည်ထင် ချက်ချင်းကုတင်ထက်ကကုန်းထတော့သည်။

"ဘာလို့အတင်းကုန်းထနေတာလဲ ဘာလဲ ငါကိုမြင်ပြီးကြောက်သွားလို့လား"

"မဟုတ်....မဟုတ်ပါဘူး....အန်တီရယ် ကျ....ကျနော်....အ့.....မလုပ်ပါနဲ့အန်တီ....အ့...နာလိုပါ...တောင်းပန်ပါတယ်"

ဒေါ်မြင့်မြန်ခင်တစ်ယောက် ဇာနည်မောင်အနားတိုးကပ်သွားပြီး ဇာနည်မောင်လက်မှာစိုက်ထားတဲ့အပ်တွေကိုအပေါ်ကနေဖိချေနေတော့သည်။ ဇာနည်မောင် လက်ကို ဒေါ်မြင့်မြတ်ခင်ကဖိချေနေတာကြောင့် ဇာနည်လက်မှာ သွေးတွေကမြင်မကောင်းပေ။

Together with youWhere stories live. Discover now