အပိုင်း 13

2.8K 117 0
                                    


နေမင်းခ ဆွဲခေါ်တဲ့အိပ်ခန်းဆီသို့ရောက်လာတော့ လင်းတစ်ယောက်အခန်းကိုဝေ့ဝိုက်ကြည့်မိသည်။အခန်းကတော်တော်တော့ကျယ်သည်။ အခန်းလယ်က ကုတင်ကြီးက လေးငါးယောက်လောက်ဝင်အိပ်လို့တောင်ရသည်။တခန်းလုံးသန့်ရှင်းသန့်ရပ်နေသည်။

လင်းတစ်ခန်းလုံးလိုက်ကြည့်နေတုန်းကုတင်ထက်က နေမင်းခကလည့်ကိုယ်လေးကို ခါးကနေဆွဲယူပြီးလှဲချလိုက်တော့သည်။

"ဘာ....ဘာလုပ်တာလဲ...ဖယ်"

"အိပ်မယ်ဆို...အိပ်ကြမယ်လေ...ဘာဖြစ်လို့ရုန်းနေတာလဲ"

"ဟို...ဟို...ကျနော့်...ကျနော့်အကျီမှာ...ခင်များသွေးတွေပေနေတယ်"

လင်းစကားကို နေမင်းခက ခေါင်ထောင်ကြည့်ပြီး နောက်သိုင်းဖက်ထားရာမှာမျက်နှာချင်းဆိုင်ဆွဲလှည့်လိုက်ပြီး

"အင်း...ဟုတ်သားပဲ...မင်းအကျီမှာကိုယ်သွေးတွေပေနေတယ်....အကျီလှဲချင်လို့လား"

"အင်း..."

"မင်း ကိုယ့်အကျီတွေကိုဝတ်ရဲလို့လား"

"ဘာဖြစ်လို့အဲ့လိုမေးတာလဲ"

"မဟုတ်ပါဘူး...မင်းက ကိုယ်ကိုမုန်းနေတာမခါး အဲ့တော့...."

"ကျနော် ခင်များကိုမမုန်းပါဘူး"

နေမင်းခမပြောခင်ဖြတ်ပြောလိုက်တဲ့ လင်းလက်သစ် စကားကြောင့် နေမင်းခပြုံးလိုက်မိသည်။ ပြောပြီတာနဲ့ရှက်လို့ထင်သည် ခေါင်းလေးကိုငုတ်ထားသေးသည်။

"အဲ့ဗီရိုထဲမှာ မင်းကြိုက်တာယူဝတ်"

ပြောပြီး နေမင်းခလည်းကုတင်ပေါ်လှဲချလိုက်တော့သည်။ ခဏကြာတော့ ရေချိုးခန်းတံခါးဖွင့်သံကြားလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ နေမင်းခရဲ့ချိုင်းပြတ်ရှပ်လက်တိုအဖြူကိုဝတ်ထားတဲ့ လင်းလက်သစ်က သူ့ရဲ့ရှပ်အကျီအဖြူကို အခန်းထဲကအဝတ်လှန်းတန်းမှာလှန်းနေတော့သည်။

ပြောပြီး နေမင်းခလည်းကုတင်ပေါ်လှဲချလိုက်တော့သည်။ ခဏကြာတော့ ရေချိုးခန်းတံခါးဖွင့်သံကြားလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ နေမင်းခရဲ့ချိုင်းပြတ်ရှပ်လက်တိုအဖြူကိုဝတ်ထားတဲ့ လင်းလက်သစ်က သူ့ရဲ့ရှပ်အကျီအဖြူကို အခန်းထဲကအဝတ်လှန်းတန်းမှာလှန်းနေတော့သည်။

К сожалению, это изображение не соответствует нашим правилам. Чтобы продолжить публикацию, пожалуйста, удалите изображение или загрузите другое.
Together with youМесто, где живут истории. Откройте их для себя