မန်နေဂျာဘတ်ရဲ့မျက်နှာပျက်ယွင်းသွားလိုက်တာမြင်လို့တောင်မကောင်း။ ဂျောင်ကုနဲ့ဘယ်လိုအညှိုးအတေးတွေများရှိခဲ့လို့လူကြားထဲမှာဒီလောက်ထိတောင်အမဲခံနေရပါလိမ့်လို့ ဆော့ဂျင်တွေးနေမိသည်။

"တခြား.. တင်ပြစရာရှိသေးလား"

"ဟို.. ကျွန်တော်တစ်ခုလောက်ပြောလို့ရမလား"

တစ်ခန်းလုံးရှိလူများ၏အကြည့်တို့က ထိုအသံသေးသေးလေးဆီရောက်သွားကြသည်။ အသံပိုင်ရှင်ဖြစ်သည့်ဆော့ဂျင်က မူလတန်းကလေးလေး အတန်းထဲမှဆရာမကိုခွင့်တောင်းသလိုမျိုး ညာလက်လေးတစ်ဖက်ကိုထောင်ထားလျှက်မျက်လုံးလေးကလည်ကလည်ဖြင့်ခွင့်ပြုချက်ကိုစောင့်ဆိုင်းနေ၏။

"ပြောမယ်? ပြောလေ.. ဘာပြောချင်လဲ။ ဒီမှာလာပြောမလား.. နေရာဖယ်ပေးရမလား"

"ရ.. ရပါတယ်။ ဒီမှာပဲပြောမယ်"

ဒါရိုက်တာဂျွန်ရဲ့လေသံကခုနကနှင့်မတူဘဲပြောင်းသွားလိုက်တာ လူချင်းများချိန်းလိုက်သလားလို့တောင်အောက်​မေ့ရပါသည်။ အစည်းအဝေးခန်းထဲရှိလူတွေကလည်း ထိုကောင်လေးနှင့်သူတို့ရဲ့ဒါရိုက်တာကြီးဘယ်လိုပတ်သက်လဲမသိကြပေမယ့် ထိုကောင်လေးကသူတို့ဒါရိုက်တာရဲ့ပျော့ကွက်ဆိုတာကိုတော့ရိပ်စားမိကြပါ၏။

"ဒါနဲ့.. သူက.. ဘယ်သူ... "

"ကျွန်တော်အသစ်ခန့်လိုက်တဲ့ curator"

အခုမှပဲသူ့ကိုယ်သူဘာမှန်းသိတော့သည်။သူက curator ကိုး။

"မင်္ဂလာပါခင်ဗျ။ ကျွန်တော့်နာမည်ကင်.. ဆော့.. ဂျင်.. ပါခင်ဗျ"

"ကင်ဆော့ဂျင်? ဒါဆို.. ဟိုတလောက... "

မန်နေဂျာဘတ်ကတစ်ခုခုကိုတီးတိုးပြောလိုဟန်ဖြင့်ဌာနမှူးဟန်ဘက်ကိုလှည့်လိုက်တော့ဌာနမှူးဟန်ကသူ့ကိုတောင်သတိပြုမိဟန်မပေါ်ဘဲ ကင်ဆော့ဂျင်ကို ပါးစပ်ကြီးဟပြီးငေးနေလေ၏။

"ဌာနမှူးဟန်.. သူက... "

"ဟုတ်တယ်.. ဟုတ်တယ်.. ကင်ဆော့ဂျင်။ ကျွန်တော့်သမီးကသူ့ကိုအရမ်းကြိုက်တာ။ အစည်းအဝေးပြီးရင်.. သူ့ဆီကလက်မှတ်သွားတောင်းရမယ်.. selca အတူတူရိုက်ရမယ်.. ဟီး.. ဟီး"

Tie the Knot (✔️)Dove le storie prendono vita. Scoprilo ora