လ များစွာ ကြာပြီးနောက် ကိုးနောင်အကြောင်း သူပို သိလာသည်။

ကိုးနောင် က ဉာဏ် အလွန်ကောင်းပြီး စပ်ဆက်တွေးခေါ်မှု အား အလွန်ကောင်းသည်။ထက်မြက်သည်။

သူများတွေ နာရီဝက်တွက်မှ အဖြေမှန်ထွက်သော ပုစ္ဆာကို ကိုးနောင်က ငါးမိနစ် ဆယ်မိနစ်ထဲနဲ့ တွက်နိုင်သည်။စာ တစ်ကြောင်းကို တစ်ခါ နှစ်ခါ ဖတ်လိုက်တာနဲ့ အလွတ်တန်းဆိုနိုင်သည်။

ဉာဏ်ကိုးနောင် သင်္ချာ တွက်ပြီဆို ချက်ချင်း တန်း မတွက်ပေ။သူက ပုစ္ဆာကို တော်တော်ကြာ စိုက်ကြည့်နေတတ်သည်။သူ ကြည့်၍ အားရသော အခါ ချက်ချင်း လက်တန်း ချတွက်တော့သည်။

သင်္ချာမှ မဟုတ်၊ တွက်ပုစ္ဆာ တွေ အကုန် အဲ့သလို တွက်တာပင်။

ပြီး ကိုးနောင်က ပုံသေနည်း အသစ်တွေ ကိုယ့် ဘာသာ ကို ဖန်တီးတတ်သည်။ရှုပ်ထွေးလှသော ပုစ္ဆာတို့ကို ကိုးနောင်က လွယ်အောင် လုပ်တတ်သည်။

နောက်ဆုံး ခမ်းနော့ဝ် သိလိုက်ရသည်က ကိုးနောင် က သူ့ ထက် အများကြီး တော်သည် ကိုပင်။သူက ဉာဏ်ကိုးနောင်လို ဉာဏ်မကောင်းပေ။ဉာဏ်ပညာ ထက် ဇွဲလုံ့လ သည် သာ ခမ်းနော့ဝ် ထံမှာ ရှိ၏။

စာတစ်ခေါက် မရရင် နှစ်ခေါက် ကျက်သည်။နှစ်ခေါက် မရရင် သုံးခေါက်၊ မရမချင်း ဇွဲမလျော့ဘဲ ကြိုးစားခြင်းသည်သာ ခမ်းနော့ဝ် ၏ လက်နက်ဖြစ်သည်။

လဲကျသည် ၊ ပြန်ထသည်။

"မင်း ဘာလို့ စာ အဲ့လောက် ကြိုးစားနေတာလဲ. . ."

"ဆရာဝန် ဖြစ်ချင်လို့. . .ဂျူတီကုတ်လေး ဝတ်ပြီး နားကြပ်လေး တပ် ဘယ်လောက် စမတ်ကျလဲ ပြီးရင် လူ့အသက်ကယ်တဲ့ အလုပ်ဆိုတာ အရမ်း မြင့်မြတ်တဲ့ အလုပ်လေ. . "

ကိုးနောင် မျက်လုံးတွေက တွေကနဲ ဖြစ်သွားလေသည်။ပြီး ချက်ချင်း မျက်တောင်ရှည်ကြီးတွေ ကို ပုတ်ခတ် ပုတ်ခတ် လုပ်လိုက်ပြီး

"အင်း. . ငါ က လူ‌တွေ ကယ်ရတာ မကြိုက်ဘူး. . . ဒါမဲ့ မင်း ဆရာဝန် လုပ်မယ်ဆို ငါ ဆရာဝန်ကတော် လုပ်ပေးမယ်လေ. . .ဒေါက်တာ ကျွန်တော့် အသည်းနှလုံးကို ကုပေးပါဦး. . ."

'LOTUS KILLER' {Ongoing}Όπου ζουν οι ιστορίες. Ανακάλυψε τώρα