a MAN who fall in LOVE with a MAN (KaiSoo)

2K 137 0
                                    

အချစ်ဆိုတဲ့ ဝေါဟာရကို တချို့သူတွေ က အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ဆိုကြပါတယ်။ ပေးဆပ်ခြင်း၊စွန့်လွှတ်ဖြင်း၊ ရယူခြင်း အစရှိသည်ဖြင့်ပေါ့။ ဒါပေမယ့် ကျွန်တော် ခံယူထားတဲ့ အချစ်ကတော့ ချစ်တတ်ဖို့ဘဲ လိုတာပါ။ သူဟာ ကျွန်တော့်အတွက် ယောကျာ်းလေး တစ်ယောက်ဖြစ်နေတယ် ဆိုဦးတော့ ကျွန်တော် သူ့ကို ချစ်သွားဦးမှာဘဲ။

သူက ကျွန်တော့်အတွက် အရာအားလုံးဖြစ်ခဲ့တာပါ။ ဒါပေမယ့် ဘယ်သူသိနိုင်မှာလဲ။ သူနဲ့ ကျွန်တော်က ၃ နဲ့ ၄ လို ဆန့်ကျင်ဘက်တွေဖြစ်နေမှန်း။ အဖြူရောင်ကို ကြိုက်တတ်တဲ့ ကျွန်တော့်အတွက် အမည်းရောင်ကိုမှ သဲသဲလှုပ်ကြိုက်ခဲ့တာ သူပေါ့။ ခွေးကိုမှ ချစ်တတ်တဲ့ ကျွန်တော့်အတွက် ကြောင်ကို မှ သဲသဲလှုပ်ချစ်ခဲ့တာလဲ သူဘဲလေ။

ဒါပေမယ့် ဖူးစားသာ ပါခဲ့ရင် အဲ့လူနဲ့ မလွဲမသွေ ချစ်ရမှာ ကံကြမ္မာ ဘဲလေ။ အဲ့ကံကြမ္မာကို ယူဆောင်ခဲ့တာကတော့ ကျွန်တော် မိဘတွေကိုယ်တိုင်ပါဘဲ။ project တစ်ခုအတွက် US တွင် သွားနေရမဲ့ နှစ်ဖက်မိဘတွေက ကျွန်တော်တို့နှစ်ယောက်ကို စိတ်ချစွာနဲ့ အိမ်တစ်ခုတည်းမှာ အတူတူ ထားခဲ့ကြတယ်လေ ။ Do KyungSoo ကတော့ မျက်ရည်လေး တန်းလန်းတန်းလန်းနှင့် ကျန်နေခဲ့ပေမယ့် Kim Kai တို့ပျော်နေသာ ဘယ်သူ သိမှာလဲ။

အဲ့လိုနဲ့ Do KyungSoo နဲ့ ကျွန်တော်မှာ မိဘတွေ ထားခဲ့တဲ့ အိမ်မှာ ရန်ဖြစ်လိုက် ပြန်တည့်လိုက်နှင့် နေခဲ့တာ တစ်နှစ်တောင် ကျော်ရောပေါ့။

DO : yarrrrrrr Kim Kai!!! Kim Kai yarrrrrr မင်းအခုချက်ချင်း အောက်ထပ်ကို ဆင်းလာခဲ့။ မင်း မဆင်းလာရင် မင်းခွေးအစုတ်ပလုတ်ကို ငါ အိမ်အပြင်ကန်ထုတ်လိုက်မှာနော်။

မနက်စောစောစီးစီး အော်ဟစ်နေသော KyungSoo ကြောင့် Kai တစ်ယောက် အိပ်ချင်မူးတူးနှင့် အောက်ထပ်ကို ဆင်းလာခဲ့သည်။

Kai : ဘာလဲကွာ မနက်စောစောစီးစီး အိပ်ကောင်းခြင်းကို မအိပ်ရဖူး။

DO : မင်းက အိပ်ချင်နေသေးတယ် ဟုတ်လား??? ဒီမှာကြည့်စမ်း မင်းခွေးအစုတ်ပလုတ် လုပ်ထားတာကို။ ငါ မနေ့ကမှ ဝယ်လာတဲ့ ဖိနပ် ကိုက်ထားတာ ရစရာ ကို မရှိဖူး။

Exo's One Shot CollectionWhere stories live. Discover now