8

1.6K 226 41
                                    

ဂျောင်ဂုဟာ ရှပ်အင်္ကျီကိုပင် ကြယ်သီးမတပ်နိုင်ချေ။ bathrobeကိုပင် ကားပေါ်မှာ လှဲခဲ့ရတာဖြစ်၏။
ဆေးရုံးရောက်တော့ ထယ်ယောင်းကို ကားထဲမှပွေ့ကာဆွဲထုတ်လိုက်သည်။

(ဆေးရုံးသုံးခါသွားလိုက်ရတဲ့အတွက် ဒီစာရေးသူကို မေတ္တာပို့လို့ရကြောင်းပါ)

ထယ်ယောင်းနဖူးမှာကွဲနေပြီး သတိမေ့မြောလျက်ရှိသည်။ သူကိုယ်တိုင်မှာလည်း ချွေးများစိုရွှဲနေ၍နေကာ မေးရိုးတိူ့တင်းနေသည်အထိ အံကြိတ်ထားမိသည်။

လူတွေပြောနေတဲ့ စိတ်ပူခြင်းဆိုသည့်ခံစားချက်က ယခုဖြစ်နေတဲ့သူ့ခံစားချက်သာဖြစ်နေပါလျှင် သူမလိုချင်ပေ။
သူလူတွေကို စိတ်မပူလို။ အထူးသဖြင့် ကင်မ်ထယ်ယောင်းကို။
ထိုလူသားအတွက် စိုးရိမ်ကြောင့်ကြခြင်းမှသည် တစ်ထစ်ဖြေလျော့လိုက်ဖို့ရာ သူမလိုလားပေ။

ထယ်ယောင်းကို စမ်းသပ်ပြီးသည်နှင့် သူ့ကိုလူနာရှင်လားဟုမေးကာ ခွဲစိတ်ဖို့အတွက် လက်မှတ်ထိုးခိုင်း၏။
ဂျောင်ဂု လက်မှတ်ထိုးပေးလိုက်ပြီး အကြောင်းအရင်းကိုတော့ သိလိုစိတ်ရှိမနေခဲ့ချေ။

သူကအိမ်ထိန်းကြီးကို ကဒ်တစ်ခုထုတ်ပေးကာ ဆေးရုံထဲမှ ထွက်လာခဲ့တော့သည်။
အနည်းဆုံးတော့ သူ့အသက်ကို ကယ်ပေးခဲ့တာပဲ။
ထယ်ယောင်းကို တွန်းချခဲ့တာလည်း သူမှမဟုတ်ခဲ့တာ။
သူကတော့ အပြစ်ရှိစိတ် ခံစားနေစရာမလိုဘူးဟုတွေးမိသည်။

ဒါပေမယ့် ဘာလို့များ သူ့ရင်ထဲမှာ တင်းကြပ်နေရသေးသည်လဲ။

နှလုံးသားမရှိသလို ဆေးရုံထဲကထွက်သွားတဲ့ သူ့သခင်လေးကိုကြည့်ကာ အိမ်ထိန်းကြီး သက်ပြင်းမောချမိသည်။
အတိတ်တွေထဲက လွတ်မြောက်နိုင်ပုံမရသည့်သခင်လေးက စမ်းရေကြည်တို့နှင့် တဖြည်းဖြည်း ဝေးကွာသထက် ဝေးကွာလာခဲ့၏။

ခွဲခန်းရှေ့က ခုံမှာထိုင်ရင်း မဒမ်အဆင်ပြေဖို့သာ သူဆုတောင်းမိသည်။
ထိုအချိန် သူနာပြုက ခွဲစိတ်ခန်းထဲမှ ထွက်လာပြီး မရေမရာအမူအယာဖြင့်ဆိုလာသည်။

"လူနာက သွေးဆုံးရှုံးမှုများနေပါတယ်၊ ဆရာဝန်တွေလည်း အကောင်းဆုံးကြိုးစားပေးနေပေမယ့် ရလာဒ်အတွက် အာမမခံနိုင်ပါဘူး။"

𝐒𝐢𝐥𝐞𝐧𝐜𝐞 𝐇𝐞𝐥𝐢𝐨𝐜𝐞𝐧𝐭𝐫𝐢𝐜 [[𝐓𝐀𝐄𝐊𝐎𝐎𝐊]]حيث تعيش القصص. اكتشف الآن