6

1.1K 205 11
                                    

ထယ်ယောင်းမှာ လက်တွင်အပ်တန်းလန်းဖြင့် နိုးလာရသည်ကိုပင် ကျင့်သားရလုနီးပါးဖြစ်နေပြီ။
တစ်ချက်ထကြည့်မိတော့ ကုတင်ခြေရင်းရှိ ဆိုဖာပေါ်တွင် အိပ်ပျော်နေတဲ့အစ်ကိုဟိုဆော့ကို တွေ့လိုက်ရ၏။
ဆိုဖာထက်အရပ်ကပိုရှည်နေတာမို့ အစ်ကိုက ခြေတစ်ဖက်ကို သက်တောင့်သက်သာဖြစ်အောင် ထောင်၍ထားကာအိပ်နေလေသည်။

IVက ကုန်လုနီးနီးဖြစ်နေပြီမို့ အပ်ကို အလိုအလျောက်ပင် ဆွဲထုတ်လိုက်ကာ သူ့ကိုယ်ပေါ်မှစောင်ပါးလေးကို အစ်ကို့အပေါ်ခြုံပေးလိုက်သည်။

အစ်ကိုကအိပ်နေစဥ်မှာလည်း ခပ်ယောင်ယောင်လေးပြုံးလို့နေသည်။
တကယ်ကို အစ်ကိုဟိုဆော့က စိတ်ကိုအေးချမ်းစေတဲ့လူမျိုးပင်။

လင်းဖို့သိပ်မလိုတော့သည်မို့ ထယ်ယောင်းပြန်မအိပ်ဖြစ်ပဲ အသာအယာသာမှိန်းနေမိတော့သည်။
မနက်လင်းသည်နှင့် သူတို့ပြန်လာကြသည်။
မပြန်ခင် အစ်ကို့သူငယ်ချင်းဆိုသူက သူ့အတွက် အားဖြည့်စာများကို ပေးလိုက်၏။

ထိုလူစကားပြောနေတဲ့တစ်လျှောက်လုံး ထယ်ယောင်းခေါင်းမမော့မိပေ။ ထိုလူက လူကောင်သေးသော်ငြား အရှိန်အဝါတစ်ခူရှိနေ၏။ အစ်ကိုဟိုဆော့၏ သူငယ်ချင်းဆိုသော်ငြား အစ်ကို့လို သက်တောင့်သက်သာခံစားချက်မရပဲ အနည်းငယ် ရှိန်ကာကြောက်ရွံ့မိ၏။

ထယ်ယောင်းတို့ပြန်ပြီးမကြာမှီ ပြိုင်ကားအနီလေးရောက်လာပြီး ကားပေါ်မှ ကြည့်ကောင်းသည့်ကောင်လေး ဆင်းလာ၏။
သူ့လက်ထဲတွင် ခရမ်းရောင်လာဗင်ဒါတစ်ဆုပ်ကို ကိုင်ထားလေသည်။

သူက ကောင်တာဆီတည့်တည့်လျှောက်သွားကာ မေးလိုက်သည်။

"လူနာကင်မ်ထယ်ယောင်းရဲ့ အခန်းနံပါတ်က ဘာပါလဲ"

"ရှင်..."

သူနာပြုမလေးက ဇဝေဇဝါဖြစ်သွားခဲ့သည်။
ဆေးခန်းက ဖွင့်ပင်မဖွင့်ရသေးသလို ထိုလူနာအမည်ကိုလည်း သူမမကြားဖူးပေ။
သို့သော်လည်း ထိုလူကတော့ ထိုလူနာရှိနေတာသေချာသလို မေးလာ၏။
သူမဖြေရခက်နေစဥ် ရင်းနှီးသည့်အသံတစ်ခုက ဝင်ဖြေလိုက်လေသည်။

𝐒𝐢𝐥𝐞𝐧𝐜𝐞 𝐇𝐞𝐥𝐢𝐨𝐜𝐞𝐧𝐭𝐫𝐢𝐜 [[𝐓𝐀𝐄𝐊𝐎𝐎𝐊]]Where stories live. Discover now