ချည်မျှင်တစ်စကိုခပ်တင်းတင်းဆွဲလို့မရသလိုပေါ့။
ဖိအားပေးရင်းရလာတဲ့ဆက်ဆံရေးက အလွယ်တကူကျိုးပျက်တတ်တယ်။
ငါတင်းတင်းဆွဲထားမိတဲ့ချည်လေးက နောက်ဆုံးတော့ပြတ်ထွက်သွားခဲ့ပြီ။"ဟင့်အင်း မောင်..."
"လက်မှတ်ထိုးလိုက်"
"ဟင့်အင်း မလုပ်ပါနဲ့ မောင်ရယ်"
ငါ့အတွက် ချစ်ခြင်းတရားကမောင်ဖြစ်လို့ မောင့်ကိုဗဟိုပြုပြီးလည်ပတ်နေရတဲ့ငါ့ကမ္ဘာလေးကိုတော့ ဖျက်ဆီးဖို့မတွေးလိုက်ပါနဲ့မောင် မချစ်ရင်နေပါ မရက်စက်လို့ရမလား။
မျက်ရည်ပေါက်ကြီးငယ်ကျပြလို့လည်း မောင်ဟာတုန်လှုပ်မယ့်လူမဟုတ်တာကို သူအသေအချာကိုသိနေပါပြီ။
မောင့်ပုခုံးပေါ် အားနည်းစွာမှီထားတဲ့ အနှီကောင်လေးက မောင့်လက်ကိုအသာလှုပ်ရင်း မလုပ်ဖို့တားဆီးနေပုံကိုကြည့်ပြီး သူပိုနာကျင်ရသည်။"မောင်.. မင်းဘာလုပ်လုပ် ငါအပြစ်မတင်တာမို့ မကွာရှင်းလို့မရဘူးလားဟင်"
နောက်ဆုံးအနေနှင့် သူ့မာနနှင့်သိက္ခာတွေကိုခဝါချပြီးတောင်းဆိုမိတဲ့စကား။
မျက်နှာထားတင်းတင်းနှင့်မောင်က သူ့ကိုမကြည်သလိုသာကြည့်သည်။"မင်းနှင့်မကွာရှင်းရင် ယွန်းအူကဘာဖြစ်သွားမလဲ"
ယောက်ျားသားချင်းအတူတူတောင် မောင့်စိတ်ဝင်စားမှုကိုအပြည့်အဝသိမ်းပိုက်ထားတဲ့ထိုကောင်လေးကို သူတကယ်မနာလိုဖြစ်မိသည်။
ရင်ဘတ်ကတင်းကြပ်နေသည့်တိုင် မျက်ရည်တို့ကားထွက်မလာ။
မောင်ဟာ ယောက်ျားတွေကိုမနှစ်သက်ခြင်းမဟုတ်ပါပဲ သူ့ကိုမှခါးသီးနေခြင်းသာ။
မောင့်ကိုချစ်ရတာက ဝဋ်ကြွေးတစ်ခုဆိုရင်တောင် သူကတော့မြတ်နိုးစွာဖက်တွယ်ထားမိဦးမှာပင်။"ငါလက်မှတ်ထိုးရင်မောင်ပျော်မှာလား"
"အတိုင်းထက်အလွန်ပေါ့"
ထယ်ယောင်း ဝမ်းဗိုက်ကို လက်ဝါးနှင့်အသာဖိထားလိုက်သည်။
မောင်ကျေနပ်မယ်ဆိုရင်ပေါ့...။
အချို့အရာတွေကိုလည်း လျှို့ဝှက်ချက်အတိုင်းပဲရှိပါစေတော့။