7

1.3K 221 49
                                    

သူတတ်နိုင်တာဟူ၍ အိမ်ရဲ့ဝေယျာဝစ္စတွေကို လုပ်ပေးရုံမျှသာဖြစ်လို့ အစ်ကိုက မလုပ်ဖို့ပြောထားပေမယ့် ဧည့်ခန်းထဲရှိ ပစ္စည်းတို့ကို သပ်ရပ်အောင်နေရာချနေမိသည်။
အမှန်တော့ ဟိုဆော့က အသန့်ကြိုက်သူဖြစ်ရကား ထယ်ယောင်းအနေဖြင့် များစွာရှင်းလင်းရခြင်းမရှိပါချေ။

လသာဆောင်တွင် အစိမ်းရောင် ကန္တာရပင်လေးများ ရှိနေ၏။ ဤသည်မှာ ထယ်ယောင်းအတွက် ပထမဆုံး အိမ်ကို သေသေချာချာ လှည့်ပတ်ကြည့်ရှုမိခြင်းပင်။

တိုက်တစ်ဖက်ရှိ မျက်နှာချင်းဆိုင်တိုက်၏နံရံတွင် ကြီးမားသည့် LED Boardတစ်ခုရှိနေရာ ရေမွှေးကြော်ငြာကို ကပ်ထားသည်။

ထယ်ယောင်း ဝရံတာမှနေ၍ တိုက်အောက်ဘက်ကို ငုံ့ကြည့်နေသည်။
ထိုအခိုက်တွင် ကြားရခဲသည့် ဖုန်းမြည်သံက ဧည့်ခန်းကိုဖြတ်၍ ဝရံတာဆီရောက်လာသည်။

ယင်းကား ထယ်ယောင်း၏ ဖုန်းသံသာ ဖြစ်ချေတော့သည်။ များသောအားဖြင့် ထယ်ယောင်းတွင် အဝင်ဖုန်းဟူ၍ မရှိခဲ့ချေ။

အံ့အားသင့်မှုတဝက် ထူးဆန်းနေခြင်းတစ်ဝက်ဖြင့် ဖုန်းကို ကောက်ကိုင်လိုက်သည်။ ခေါ်ဆိုသူအမည်မှာ အမေဟူ၍။ ယင်းက ထယ်ယောင်းကို ပို၍ ထိတ်လန့်သွားစေခဲ့ပြီး ပျော်ရွှင်မှုနှင့် တုန်ယင်စွာဖြင့် ဖုန်းကို ဖြေလိုက်သည်။

သူလက်ထပ်ပြီးနောက် ၅နှစ်အတွင်း ပထမဆုံး သူအမေထံမှ ဖုန်းရခဲ့ခြင်းပင်။
ဖုန်းဖြေလိုက်သည်နှင့် တစ်ဖက်မှ အလောတကြီးသံ ထွက်ပေါ်လာသည်။

"အမေတို့လုပ်ငန်း ပြဿနာတက်နေလို့ ၊ အဲဒါ မင်းယောက်ျားကို ပြောကြည့်ပါအုံး"

ထယ်ယောင်း၏ပျော်ရွှင်မှုမီးတောက်လေးမှာ ဟုတ်ခနဲ ငြိမ်းသက်သွားရတော့သည်။
သူ့အမေဟာ သူ့ကိုတကယ်ပင် ဂရုမစိုက်ပါချေ။

သူပြန်ပြောရန်ပါးစပ်ဟလိုက်စဥ်မှာပဲ သူ့အမေကဆက်ပြောလာသည်။

"မြန်မြန်နော်၊ အချိန်မရဘူး၊ ဒီအတိုင်းဆို အမေတို့ ဒေဝါလီခံရလိမ့်မယ်၊ မင်း အမေတို့ကို လမ်းဘေးမှာတော့ မမြင်ချင်ဘူးမလား"

𝐒𝐢𝐥𝐞𝐧𝐜𝐞 𝐇𝐞𝐥𝐢𝐨𝐜𝐞𝐧𝐭𝐫𝐢𝐜 [[𝐓𝐀𝐄𝐊𝐎𝐎𝐊]]Where stories live. Discover now