I want to say you "You're so beautiful ❤️❤️❤️" even you are a boy

Start from the beginning
                                    

ဆရာမသားပြန်သွားသည့် အချိန်ကျမှပင် တစ်ခန်းလုံးကျွတ်ကျွတ်ညံအောင် စကားသံများပလုံစီကာ ပေါ်ထွက်လာလေတော့သည်

အဘူးတစ်လိုင်းများကတော့ ဆရာမကို မေမေဟုပင် ပြောင်းခေါ်နေချေပြီ
ဆရာမသည်လည်း နဂိုထဲက သဘောကောင်းမနောကောင်းဖြစ်သူပီပီ ကိုယ့်သားကို မိန်းကလေးများ မျက်စောင်းဝိုင်းထိုးနေကြခြင်းကိုပင် စိတ်ဆိုးခြင်းမရှိဘဲ ရယ်မြဲ ရယ်လျှက်သာ ရှိနေတော့သည်
အင်း...ဒီလိုယောက္ခမမျိုးရတဲ့ ကောင်မလေးကတော့ တကယ်ကံကောင်းမှာပဲ ဟုပင် ကျွန်မစဉ်းစားမိသည်အထိ ....

မစပ်စုတစ်လိုင်းများကလည်း

"ဆရာမ..အဲ့တာ ဆရာမသားအရင်းလားဟင်..."

"အဲ့တာ ဆရာမသားအရင်းပါကွယ်..."

"ဒါဆို ဆရာမသားမှာ ရည်းစားရှိလားဟင်..."အဘူးတစ်လိုင်းများကလည်းအားကျမခံ ဝင်၍မေးချေပြီ
တကယ့်ကို တစ်ခန်းလုံးဂယက်ထနေကြပါသည် ကျွန်မအပါအဝင်ပေါ့

ချစ်တာနဲ့ဘူးတာက ဆောရီး..ချစ်တာနဲ့သ‌ေဘာကျတာက မတူဘူးဆိုတာ ကျွန်မရှင်တို့ကို ရှင်းပြမယ် နားထောင်ကြားလား...

အရှင်းဆုံးဖြစ်အောင် ရှင်းပြရမယ်ဆိုရင် သဘောကျတယ်ဆိုတဲ့အရာကို အရင်ရှင်းပြရလိမ့်မယ်

လူတိုင်းနီးပါး လှပတဲ့အရာတွေကို သဘောကျကြတယ် အကြောင်းပြချက်က သူတို့လှနေလို့ သဘောကျချင်စရာကောင်းနေလို့ ဒါပါပဲ စွဲလမ်းခြင်း မြတ်နိုးခြင်း တန်ဖိုးထားခြင်းမပါဘဲ ဒီတိုင်းလှလို့ သဘောကျဖူးကြတယ်မလား

ကျွန်မလည်း ဖြစ်ဖူးတယ် ပန်းလေးလှလို့ ဆိုပြီးခူးယူလိုက်တယ် ဒါပေမဲ့ ခဏအလှကြည့်ပြီး အကြာမှာတော့ ကျွန်မတစ်ရွက်ချင်းစီ ခွာချပစ်ခဲ့တယ် ဒါကိုကြည့်ခြင်းအားဖြင့် ကျွန်မက အဲ့ပန်းလေးလှနေတာကိုပဲ သဘောကျခဲ့တာ သူ့ကို တန်ဖိုးထားလို့ ခူးယူခဲ့တာ မဟုတ်ဘူး မြတ်နိုးခဲ့တာ မဟုတ်ဘူး ဒီတိုင်း လှလို့လိုချင်တပ်မက်ခဲ့တာ
ဒါကြောင့် လှပတဲ့အရာဝတ္ထုပဲဖြစ်ဖြစ် လူပဲဖြစ်ဖြစ် ကျွန်မသဘောကျပါတယ် ကျွန်မမှာ သဘောကျပိုင်ခွင့်ရှိတယ်လို့လည်း ထင်တယ် ဒါပေမဲ့ ကျွန်မဒီတိုင်းပဲ သဘောကျနေမှာ ပိုင်ဆိုင်ဖို့ ကြိုးစားနေမှာ မဟုတ်ဘူး
ဘာလို့ဆို သဘောကျရုံသက်သက်ထက် မပိုခဲ့တာမို့

သဘောကျတယ်ဆိုတာ ကိုယ့်စိတ်ကို ပျော်ရွှင်စေတဲ့အရာ စိတ်ချမ်းသာစေတဲ့အရာတွေကိုမှ သဘောကျမိတာ နှစ်သက်မိတာ ဘာမျှော်လင့်ချက်မှ မပါဘဲနဲ့ပေါ့......
စွဲစွဲလမ်းလမ်းမဟုတ်တဲ့ အပေါ်ယံသက်သက်ပေါ့ ပိုင်ဆိုင်လိုတဲ့ အတ္တတွေ မပါဘဲနဲ့ပေါ့....

ချစ်တယ်ဆိုတဲ့အရာကျတော့ ဒီ့ထက်ပိုပြီးတော့ လေးနက်တယ် သူ့မှာ မျှော်လင့်ချက်တွေရှိလာသလို နာကျင်မှုတွေလည်း ရှိလာတယ် ကိုယ့်စိတ်ကို နာကျင်အောင်လုပ်နေလည်း မမုန်းနိုင် မမေ့နိုင်နဲ့ တမြေ့မြေ့နဲ့လောင်ကျွမ်းနေရတဲ့ မီးတောက်တစ်ခုလိုပဲ ပူလောင်တယ် နာကျင်တယ် ဒါတွေကို သိနေပေမဲ့လည်း ဆက်ပြီးတော့ လောင်ကျွမ်းခံနေကြတုန်းပဲ ဒီလိုအပူမီးတောက်အစပြုရာ ထိုလူသားကိုလည်း ပိုင်ဆိုင်ချင်ကြတယ် ကိုယ်နာကျင်ရမယ်ဆိုတာတောင်မှ လက်မလွှတ်ချင်ကြဘူး လက်လွှတ်ဖို့လည်း ခက်ခဲတယ် သူနာကျင်နေရရင် ကိုယ်လည်း ထပ်တူခံစားနေရသလိုမျိုးမို့ သူနာကျင်အောင် မလုပ်ရက်ဘူး ကျွန်မအပေါ်က ပြောခဲ့သလိုမျိုး သဘောကျလို့ ပန်းကိုခူးယူခဲ့ပေမဲ့ ကျွန်မတကယ်ချစ်လာခဲ့ရင် ကိုယ်ခူးယူလိုက်လို့ ညိုးနွမ်းသေဆုံးသွားမှာကို ကြောက်လို့ ကျွန်မ သူ့ကို ဒီအတိုင်း အပင်လေးပေါ်မှာ သူ့အသက်ရှိသရွေ့ပွင့်လန်းနေဦးမှာကိုပဲ နေ့စဥ် နေ့တိုင်းမြတ်နိုးစွာနဲ့ငေးကြည့်နေခဲ့မိမယ်ထင်တယ် အချစ်က အဲ့လိုမျိုး ကိုယ်ချစ်ရတဲ့သူ နစ်နာနာကျင်သွားမှာကို သေလောက်အောင် ကြောက်မိစေတယ်

ပြီးတော့ ချစ်တာနဲ့သဘောကျတာရဲ့အကြီးမားဆုံး ကွာခြားချက်ကြီးကတော့

ကိုယ်သဘောကျရတဲ့အရာတွေက ကိုယ့်ကို ဟိုးအတွင်းဆုံးထိ နာကျင်စေအောင် မလုပ်နိုင်ဘူး ထိခိုက်လာခဲ့မယ်ဆိုရင်တောင် အပေါ်ယံအလွှာလေးကိုပဲ ရိုက်ခတ်နိုင်လိမ့်မယ်

နှလုံးသားထဲထိရိုက်ခတ်နိုင်တဲ့အရာကတော့ အချစ်တစ်ခုကလွဲပြီး အခြားအပြင်မရှိဘူး
ကိုယ်သူ့ကို ချစ်ရင် ချစ်သလောက် ကိုယ့်ရင်ကို လာရောက်ရိုက်ခတ်လိမ့်မယ်...

သင်တို့ရော ဘယ်လိုထင်လဲ ကိုယ့်ထင်မြင်ချက်ကိုယ်စီလေးတွေကို commentမှာ ချရေးသွားလို့ ရပါတယ် SMYနဲ့အချစ်အကြောင်းဆွေးနွေးကြတာပေါ့ မဟုတ်ဘူးလား
Let's talk about love conversation
Will you enjoy it

Author -SMy

အဖြူရောင်ချစ်ခြင်းမှ အစတည်၍Where stories live. Discover now