" Hi....အစောကြီးနိုးနေပါလား "

" အင်း...လေပြေကောပဲနော် "

အသံသည်ကား တိုးဖွညင်သာလှကာ ကျက်သရေအပေါင်း ခညောင်းမှုများ လွှမ်းခြုံနေပြီး သွက်သွက်လက်လက်နှင့် တဇွတ်ထိုးပြောတတ်သည့် လေပြေနှင့်တော့ ဆီနဲ့ရေလို့ ဆန့်ကျင်ဘက်ပင်။ နည်းနည်းလေးမှ ပေါင်းစပ်ကြည့်လို့မရသည့် ဒြပ်ဝတ္ထုနှစ်ခု။

" ဘယ်ကသာ....တစ်ညလုံးမအိပ်ရသေးတာ "

" ဗျာ ! "

" ကိုးလ်....ကိုကိုနဲ့ ဘယ်လိုစသိတာလဲ။ ခင်တာကြာပြီလား "

" အမ်.... အဲ့တာက "

" ပြောပါ လေပြေသိချင်လို့ နော်နော် "

" ခင်တာက ပျှမ်းမျှ 5 နှစ်နီးပါးလောက်ရှိပြီထင်တယ် "

" ဟမ်.... ဒါဆို လေပြေ အိမ်ကခိုးထွက်ပြီး နိုင်ငံခြားကိုသွားတဲ့အချိန်ကပေါ့ "

" အင်း......ဖြစ်နိုင်ပါတယ် "

" ကိုကိုနဲ့ အကြာကြီးပေါင်းနိုင်တဲ့လူကို ကိုဆင့်ကလွှဲပြီး မမြင်ဖူးသေးဘူး "

" ရှင်းက လူကောင်းတစ်ယောက်ပါ.....ကျွန်တော့်ကို အများကြီး ကူညီဖူးတယ် "

" ကိုကိုက လူကောင်းလား "

လေပြေက မေးထောက်လိုက်လျက် စဉ်းစားဟန်ဆောင်လိုက်ကာ ဆက်ပြောလာလေသည်။

" အဲ့လိုပြောတာ ကိုးလ်က ကိုကိုအကြောင်း အကုန်မသိသေးလို့နေမယ် "

" တ... တကယ်ပြောတာပါ... ရှင်းက တစ်ကယ် လူကောင်းတစ်ယောက်ဆိုတာ ကျွန်တော်သိတယ် "

" ကိုးလ်.... "

နာမည်ခေါ်လိုက်ပြီးနောက်တွင် လေပြေဟာ အလွန်ရှည်ကြာစွာ ကိုးလ်ကို စိုက်ကြည့်နေပြီး ဘာစကားမှဆိုမလာခဲ့ပေ။ သူ့ရှေ့ရှိ ထိုကောင်လေးသည် နုနုဖတ်ဖတ်လေးနှင့် အားနည်းလှသည့်အပြင် လောကကြီးအကြောင်းလည်း အကောင်းဘက်က အမြဲတွေးတတ်လေသည်။ ထို့ပြင် ဖြူစွတ်သည့် ဝါဂွမ်းထက်လည်း နူးညံ့သိမ်မွေ့လှကာ သိပ်ကိုလည်း ဖြူစင်ရိုးသားလှပါချေ၏။

" ကိုးလ် အကြံတစ်ခုပေးလိုက်မယ်နော်.... လူတိုင်းကို သိပ်မယုံကြည်ပါနဲ့။ ပြောမရဘူး.....ကိုကိုလည်း ကိုးလ်ကို ဖုံးကွယ်ထားတာတွေ ရှိနိုင်တာပဲလေ။  "

Hate Poem Written With Love࿐जहाँ कहानियाँ रहती हैं। अभी खोजें