အစပျိုးခြင်း

Start from the beginning
                                    

အချိန်သိပ်မကြာခင်မှာဘဲ ရေးဆွဲခြင်းကပြီးဆုံးသွားသည်။ထို့နောက် ထိုရုပ်ပုံလေးတွေရဲ့ အပေါ်မှာ အမည်နာမလေးတွေ ထပ်ရေးနေခဲ့သည်။မှတ်ဉာဏ်ကောင်းလွန်းတဲ့ ကလေးငယ်က မိဘနှစ်ပါးသင်ပေးသမျှကို သင်ယူတက်မြောက်လွယ်ခဲ့သည်။အရမ်းလည်းချစ်ဖို့ကောင်းလွန်းလို့ မြင်သူတိုင်းအသည်းယားစွာနဲ့မချစ်ဘဲမနေနိုင်ခဲ့ဘူး။

ရောင်စုံလေးတွေနဲ့အရောင်ထပ်ခြယ်ကာ နောက်ဆုံးအနေနဲ့စာရွက်လေးကို ပြန်ကြည့်ရင်းသဘောကျစွာရယ်လိုက်သည်။ဒါက ကလေးငယ်၏နောက်ထက်ချစ်စရာအပြုမူတခုပါ။သူ သဘောကျရင် အသံသေးသေးလေးထွက်သည်အထိ ရယ်တက်သည်။ပျော်ရွှင်စရာမိသားစုလေးဆိုပြီးခေါင်းစဉ်လေးနဲ့ဖေဖေ။မေမေ။မင်မင်
ဆိုပြီး မိသားစုသုံးယောက်ပုံကို ကလေးငယ်က ရေးဆွဲနေခဲ့တာပါ။

မြို့စားမင်းဖြစ်တဲ့ဖခင်က ရိုးသားက်ြုးစားသောကြောင့်ရွာသားများကချစ်ခင်လေးစားကြသည်။ရွာသားတွေအပေါ် နွေးထွေးပြီးတရားမျှတစွာ အုပ်ချုပ်လို့ မ်ြု့စားမင်း ပတ်ခ်ချွဲမင် ဆိုရင် မသိသူမရှိကြပါဘူး ။ထို့နည်းတူ မြို့စားမင်း ကတော်က လည်း သဘောကောင်းတဲ့အမ်ျူးသမီးတယောက်ပါ။သားလေးတယောက်ထဲရှိလို့ မိခင်မေတ္တာတွေပေါလျံနေအောင်ပေးတက်ပြီးခင်ပွန်းအပေါ်မှာလည်းမယားတာဝန်ကျေပွန်ပါသည်။

ချစ်စရာကောင်းတဲ့မိသားစုလေးထဲကို ကံကြမ္မာဆိုးတခုက ဝင်ရောက်လာခဲ့သည်။လူမမယ် ကလေးငယ်လေး ပတ်ခ်ဂျီမင် အတွက်တော့ တရားမမျှတဘူးပေါ့။သူ့အသက်ကအခုမှ၄နှစ်လေ။သူ ဘာမှတက်သိနားမလည်သေးဘူး။သူ သိတာက စားတာ အိပ်တာရယ် ဆော့တာပါဘဲ။
ဒါပေမယ့် ကလေးလေးက စိတ်ဒဏ်ရာတွေကို အရွယ်နဲ့မလိုက်စွာ ခါးစည်းခံခဲ့ရတယ်။

ကလေးငယ်က ထုံးစံအတိုင်းပုံ‌ဆွဲပြီးတော့ မိဘတွေရဲ့အခန်းထဲကို ဝင်သွားသည်။တံခါးခေါက်စရာမလိုဘဲ လက်ကလေးသေးသေးလေးနဲ့ တံခါးလက်ကိုင်ဘု လေးကို လှည့်ကာ ဝင်သွားခဲ့သည်။

*ဖေဖေ..မေမေ..ထတော့လေ.. မင်မင် ဗိုက်ဆာနေပီ..*

စကားလေးမပီတပီနဲ့ မိခင်ရဲ့မျက်နှာလေးကို တို့ထိကာ စကားတွေပြောနေသည်။ကလေးငယ်က နံနက်စောစော ဗိုက်ဆာတက်သည်။အရင်နေ့တွေဆို ဒီအချိန်မှာ မိဘနှစ်ပါးစလုံးက သူ့အတွက် နံနက်စာ ပြင်ပြီးစောင့်နေလောက်ပြီ။ဒါပေမယ့် သည် မနက်ခင်းမှာတော့ ဘာအသံမှ မကြားရအောင် တိတ်ဆိတ်နေခဲ့သည် ။

ကတိ(Completed)Where stories live. Discover now