part(6)

48 5 0
                                    

"ကိုတမာ ခင်ဗျားအလာတုန်းကဆိုနေတာ ကျွန်တော်ကြားတယ်
ခင်ဗျားက ဖိုးကာ သီချင်းတွေ သဘောကျတာလား"

"ဘယ်သီချင်းရယ်လို့တော့ မဟုတ်ဘူး
ကျုပ်က ကျုပ်စိတ်ထဲသဘောတွေ့ရင် အဲ့သီချင်းကိုပဲ
ထပ်ခါထပ်ခါနားထောင်ရတာ သဘောကျတယ်
ပြီးရင်လိုက်ဆိုတယ်
စိတ်ကိုလွတ်လပ်ပေါ့ပါးနေရော"

"ဟားဟား ခင်ဗျားကတော့ လူပျိုကြီးသာဖြစ်နေတာ
တော်တော်စိတ်ကူးယဉ်ဆန်တယ်"

"ကျုပ်ကလူပျိုကြီးဘဝနဲ့ အသားကျနေပြီ ထင်ပါတယ်"

အပြန်လမ်းမှာ တမာကို စလိုက်နောက်လိုက်နဲ့ တဟားဟားရယ်မောလျက်

"ကျွန်တော်ထင်တာ ကိုတမာက အညာသားကြီး လူရိုးကြီးဆိုတော့ တွံတေးသိန်းတန်တို့ မာမာအေးတို့လို့ သီချင်းမျိုးပဲ နားထောင်ဖြစ်လိမ့်မယ်လို့လေ"

"အရိပ်ကတော့ ကျုပ်အသည်းယားအောင် လုပ်နေပြန်ပြီ
ရွာထဲက ကလေးတွေလိုဆို အရိပ်ကို တိန်တိန်ဆိုပြီး
ချက်ချင်း ခေါင်းခေါက်လိုက်မှာ"

အရိပ် ကျိတ်ရယ်နေတာကို တမာမသိ ခဏနေမှ အရိပ်က လေသံကိုပြောင်းလိုက်ကာ

"ကိုတမာက ကျွန်တော့်ကိုခေါင်းခေါက်ချင်တယ်ပေါ့
ကျုပ်ကအရီးနဲ့သွားတိုင်မှာ"

"မလုပ်လိုက်ပါနဲ့ ကျုပ်မှားပါတယ်
အမေနဲ့တော့ မတိုင်ပါနဲ့ ကျုပ်ကြောက်ရတယ်"

သူစလည်းစချင် တခါတလေသနားလည်းသနားမိတယ်
သူတို့ထိုင်တဲ့နောက်ဘက်မှာ ရှိတဲ့ အသီးအနှံတွေကိုကြည့်ပြီး

"ဟိုတာ ကျွန်တော် ဒီဟာတွေအကုန်အိမ်ပြန်သယ်သွားရင် အဘလေးကဆူမှာလားမသိဘူး
ပြီးတော့မေမေရော သူကတအား အားနာတတ်တယ်"

"ကိစ္စမရှိဘူး ကျုပ်ကူပြောပေးမယ် ပြီးတော့ ကျောင်းဆရာလေးကိုချစ်လို့ ပေးတဲ့လက်ဆောင်ပစ္စည်းတွေလေ မဆူလောက်ပါဘူး"

"အွန်း"

ဖျော့တော့တဲ့လေသံလေးနဲ့ အွန်း အသံပြုတာကြားတော့ တမာအရိပ်ဘက်ကိုလှည့်ကြည့်လိုက်ပြီး

တမာ(Ta Mar)Hikayelerin yaşadığı yer. Şimdi keşfedin