part(3)

92 6 0
                                    

"အရိပ်ရေ..."

"အာ...ကိုတမာရောက်လာပြီလား
ဝင်မထိုင်တော့ဘူးလား"

"မထိုင်တော့ဘူး....စောတုန်းသွားမယ်
နေ့လည်ကျရင်နေကပူလာမှာ...အပူပြင်းတယ်လေ
စောစောသွားစောစောပြန်တာကောင်းတယ်"

"ကျွန်တော်လာပြီ"

လှည်းဘီးပေါ်ကနေတစ်ဆင့်ချင်းတက်လို့လှည်းပေါ်ရောက်ခါနီးတော့တမာကလက်လှမ်းကာဆွဲတင်လိုက်လေသည်
ပုဆိုးလေးနဲ့မို့အနည်းငယ်တော့ကို့ရို့ကားယားနိုင်တယ်
တမာရဲ့ဘေးမှာ တင်ပျဉ်ခွေထိုင်လို့ဟိုကြည့်ဒီကြည့်
မြေပဲခင်းတွေနဲ့ပြောင်းခင်းတွေကနေရာအနှံ့
လမ်းတစ်လျှောက်အခင်းထဲမှာအလုပ်လုပ်နေတဲ့လူတစ်ချို့ကသူ့ကိုကွက်ကြည့်ကွက်ကြည့်
အပေါ်ကလက်ရှည်အပါးလေးတစ်ထည်ကိုပါသူဝတ်လာခဲ့သေးသည်
တမာကတော့အပေါ်ထပ်အစုပ်တစ်ထည်ကိုဝတ်ကာခမောက်ကြီးစောင်းပြီးကြိမ်တံကိုကိုင်လျက်
နွားတွေကိုထိန်းနေသည်
နွားဖြူကြီးမှာအနည်းငယ်ပေချင်ကောက်ချင်ပုံ

လှည်းလမ်းကတစ်ပြေးညီတည်းမဟုတ်
နွားတွေရုန်းတာနဲ့လမ်းမညီသောအချိန်များတွင်အရိပ်မှာတမာ၏ပခုံးပေါ်ကိုခေါင်းတင်လျက်သား
ခန္ဓာကိုယ်မှာတော့တမာရဲ့ကျောပြင်တစ်ဖက်ကိုသွားကပ်လျက်ဟန်ချက်ပျက်ပျက်သွားသည်
ဘေးကအကိုင်တွေနဲ့ထိန်းထားပေမယ့်နွားအရမ်းရုန်းရင်သူ့အဖို့အဆင်မပြေ

ပြောင်းခင်းရှေ့ရောက်တော့

"ရောက်ပြီ....လှည်းစီးရတာပင်ပန်းလား"

"မပင်ပန်းပါဘူး"

"ညာပြောတာတဲ့....မင်းနဖူးပြင်ကချွေးစက်လေးတွေကကျုပ်ကိုအရိပ်အမြွက်ပြနေတာ"

"တဲထဲမှာခဏသွားနားချည်...ကျုပ်ပြောင်းပင်တစ်ချို့ရိတ်ဦးမယ်
ဒါတောင်စောစောစီးစီးထွက်လာမိလို့
နောက်ကျမှဆိုအပူရှိန်ကိုမင်းဘယ်ခံစားနိုင်မလဲ"

ပွစိပွစိပြောကာတဲထဲကထွက်သွားလေသည်
ပြောင်းခင်းထဲရောက်တော့ပြောင်းပင်တွေကိုတံစဉ်နဲ့လိုက်ဖြတ်နေသည်
တစ်စုတစ်စုကိုခဏလေးပင်
အပင်ကြီးများကိုသူမခုတ်
အပင်ကြီးများမှာလက်တစ်ဖဝါးစာအရှည်ရှိသည့်ပြောင်းဖူးအသေးလေးများထိုးထိုးထောင်ထောင်
အပင်ကဟာမို့စားလိုက်ရင်လတ်လတ်ဆတ်ဆတ်ရှိမှာသေချာပေမယ့်သူဘာမှမပြောတော့ဘဲတမာနွားစာရိတ်တာကိုပဲကြည့်နေလိုက်သည်

တမာ(Ta Mar)Where stories live. Discover now