part(2)

105 7 1
                                    

ညနေပိုင်းရောက်တော့

"ဟော....ကိုတမာလာမှလာပါ့မလားလို့"

"ကျောင်းဆရာလေးကိုထမင်းဖိတ်ကျွေးမလို့....အဘလေးရေ
အဲ့တာလာခေါ်တာ"

"တကူးတကကြီးလာလို့
မင်းအရီးနဲ့မှာလိုက်ရင်ပြီးရောပေါ့....မင်းအရီးပုကကျွန်းထဲကတဲမှာညနေပိုင်းအထိရှိနေတာကို"

တမာစကားတပြောပြောနဲ့အဘလေးတို့အိမ်ရှေ့ကကွပ်ပျစ်မှာဝင်ထိုင်လိုက်လေသည်

"ရပါတယ်ဗျာ....ရွာကိုစာလာသင်တာဆိုတဲ့ဆရာလေးဆိုတော့ဧည့်ဝတ်ကျေရမှာပေါ့
ကိုယ်တိုင်ပဲလာခေါ်လိုက်တော့မယ်
အိမ်ကအမေကလည်းကိုယ်တိုင်သွားခေါ်ဖို့လွှတ်နေတာ
ကျုပ်ဖြင့်ရေတောင်မချိုးရသေးဘူးဗျ
ခုမှကျွန်းထဲကပြန်ရောက်တာ"

"အရိပ်ကရေချိုးနေတယ်ကွယ့်
ဒီနှစ်မင်းတို့အခင်းမြေပဲအထွက်ကောင်းလား"

"မြေပဲကအထွက်ကောင်းတယ်အဘလေးရဲ့
ဒါပေမဲ့ပဲဈေးတွေကမငြိမ်သေးဘူးလေ
ငရုတ်ဈေးကတော်သေးတယ်....ခရမ်းသီးဈေးဆိုတော်တော်မကောင်းတာလေ
ဈေးထဲဖောက်သည်ပေးရင်တောင်အဆင်မပြေဘူး
အဲ့တာကြောင့်မဌေးရင်တော့ဖောက်သည်မပေးတော့ဘဲသူ့ဘာသူပဲတစ်ရွာဝင်တစ်ရွာထွက်လိုက်ရောင်းနေတယ်"

"အဘလေးတို့ငရုတ်ခင်းရောမဆွတ်သေးဘူးလား"

"ဆွတ်တယ်လေ....နှစ်ဖြတ်ရောင်းပြီးပြီ
မဆိုးဘူးပြောရမယ်"

"ကောင်းပါတယ်ဗျာ"

သူတို့နှစ်ယောက်စကားလက်ဆုံးကျနေတုန်း
အိမ်ပေါ်မှအရိပ်ကဆင်းလာလေသည်
ရေချိုးပြီးကာစမို့ဖြူဖွေးတဲ့အသားအရည်ပေါ်မှာမြစိမ်းရောင်သွေးကြောတွေကယှက်သန်းလျက်
Shirtအင်္ကျီလက်တိုအကွက်လေးကိုအကွက်စိတ်ပုဆိုးအစင်းလေးထဲထည့်ဝတ်လို့သေသပ်စွာပင်

"အဘလေး...."

"အော....ငါ့တူ
ရေချိုးပြီးပြီလား....ဒီမှာတမာနဲ့လိုက်သွား
မစန်းကထမင်းစားဖို့ဖိတ်လိုက်တယ်....တမာကရွာကာလသားခေါင်းလေ
ဘာလိုလိုသူ့ကိုသာပြော
ရွာသားတွေကတော့သဘောကောင်းကြပါတယ်"

တမာ အရိပ်ကိုလှမ်းကြည့်လိုက်ကာ

"သူကရောနေကောင်းသွားပြီလားအဘလေး
မနက်ကနိုင်ကြီးတို့နဲ့တွေ့တယ်
ကျန်းမာရေးမှူးသွားပင့်တာဆိုလို့"

တမာ(Ta Mar)Hikayelerin yaşadığı yer. Şimdi keşfedin