အပိုင်း - ၂၄

Start from the beginning
                                    

"ဒီစကားကိုဘယ်ခွေးမှမဟုတ်ဘူး မောင်ခင်ရ
ငါတော့သေသာသေလိုက်ချင်ပါတော့တယ်"

‌မင်းမောင်တစ်ယောက် မျှော်လင့်ချက်မဲ့စွာညည်းညူမိလေသည်။

မယုံချင်စရာကောင်းလှသည့်ဤစကားကို မင်းမောင်အား
စတွေ့တုန်းကလည်းဆိုဖူးသည်။

မင်းမောင်သည်သူ့ဇာတ်လမ်းနောက်အသာလေးမျှောပါ
ပေးခဲ့ပေမယ့် ဒါကိုအဟုတ်မှတ်ပြီး ဒီလိုအချိန် ဒီလိုနေရာမှာ ဒီလိုစကားကိုအပီအပြင်လာရောက်အသုံးချလိမ့်မည်ဟု မထင်ခဲ့ရိုးအမှန်။

"အကိုကြီးရယ် ကျုပ်မိန်းမကအားနွဲ့တဲ့မိန်းမသားလေးပါ ဒီလိုကြိုးချည်ထားတော့ ကျုပ်မိန်းမရဲ့အသားလေးသွေးခြည်ဥသွားရင် ကျုပ်ရင်ကျိုးရချည်ရဲ့"

"ကျုပ်တို့ကြားထားတဲ့ သတင်းကတော့ သိပ်ကိုမှန်သကိုးးး"

"ဘာသတင်းများလဲ"

"ဒီရွာရဲ့သူကြီးက သူ့မိန်းမကိုသိပ်ချစ်တယ်တဲ့ဗျာ မျက်စိရှေ့မှာမြင်ရတော့ ကျုပ် ယုံပါပြီ အို ယုံပါ့‌ဗျာ"

"ကဲ ငါ့တပည့်တွေ မိန်းမသားတစ်ယောက်ကဒီတောနက်ထဲမှာ မပြေးနိုင်ပါဘူး ကြိုးဖြည်ပေးလိုက်ချေ"

"ကဲ သူကြီးကတော် ပြေးဖို့မကြံချေနဲ့ ခင်များရဲ့ယောက်ျားအသက်က ကျုပ်လက်ထဲမှာနော်"

ဓားပြသည် ခင်များယောက်ျားလို့ဆိုလိုက်သည့်အတွက်
မမဝေသည် မနီးမဝေးမှရှိနေတဲ့ လင်အတုကိုကြည့်ပြီး
မျက်နှာပင်ဘယ်နားထားရမည်မသိမျက်နှာပူလှလေသည်။

"ဒါဖြင့် ကျုပ်တို့ ခဏလောက်ဆွေးနွေးရအောင် လာပါ
ကျုပ်မကိုက်စားပါဘူး"

"ဒီလိုဗျ ခင်များတို့ရဲ့ ရော့ သောက်ပါအုံး အမောပြေပေါ့"

အမောပြေဟုဆိုကာ လွယ်အိတ်ထဲမှ ဝီစကီပုလင်းကြီးထုတ်လာသည့် မောင်ခင်ကြောင့် အနားရှိသူများက ကြောင်ကြည့်လေသည်။

"ဘာလဲ စိတ်ပူနေသလား ဘာတွေစိတ်ပူနေတာလဲ အဆိပ်ခတ်ထားမှာစိုးတာလား"

"စိတ်ချ စိတ်ချ ဒါရိုးရိုးအရက်ပါ ကျုပ် မြို့ကနေခိုးဝယ်လာတာ ကျုပ်အိမ်သားတွေမသိဘူး အ့ကြောင့် ခိုးကြောင်ခိုးဝှက်လုပ်နေတာ ခင်များတို့က တစ်မျိုးထင်သွားပုံရတယ်"

ခင်ခင်ပျိုရေ မမုန်းလိုက်နဲ့Where stories live. Discover now