အခန်း 10-1

192 26 1
                                    

အခန်း (၁၀ ) အပိုင်း ၁

ချန်ရှောက်ရှန်း အမြင်အရ ပြောရရင်ဒါက မိသားစု စုဝေးတဲ့ ညစာစားပွဲ၊ အောင်ပွဲခံတဲ့ မိသားစု ညစာစားပွဲဖြစ်တယ်။ စားပွဲပြီတဲ့အခါမှာ လူတွေအကုန်လုံးက လုပ်သင့်တာ လုပ်ကြတယ်။ အမေချန်က နည်းနည်း အသောက်လွန်သွားပြီး ဆိုလိုက် ရီလ်ိုက်နှင့် ကတော့မဲ့ အချိန်တွင် အဖွားဟူက အတွင်းခန်းထဲကို အနားယူဖို့ တွဲခေါ်သွားတယ်။

ဒုတိယဦးလေးချန်က  ထပြီးတော့ သွားတယ်။ အဲ့ဒီအချိန်ကျမှ ချန်ရှောက်ချန်းက သူဟာ ခြေထောက်နည်းနည်းဆာနေမှန်း သိလိုက်တယ်။ ချန်ရှီက ညီအကိုအချင်းချင်း ရင်းရင်းနှီးနှီး ပြောရမယ်ဆိုပြီး ဖမ်းဆွဲကာ ရုန်းခွင့်မပေးဘူး။ ဒုတိယဦးလေးက စိတ်မပါပဲ ဆွဲခေါ်သွား ခံလိုက်ရတယ်။

ဖြူဖြူဝဝကောင်လေး ချန်အိုးက သန်းဝေပြီး အထိန်းတော်က ခေါ်သွားတယ်။ မျက်လုံးကြီးကြီးနဲ့ ကောင်မလေးကတော့ ခေါင်းငုံပြီး မောင်လေးနောက်က လိုက်သွားတယ်။ ချန်ရှောက်ရှန်းက ထမင်းစားကတည်းက သူမကို စောင့်ကြည့်နေခဲ့တယ်။ အစက အဲ့သူငယ်ချင်းနောက်ကို လိုက်သွားချင်ပေမဲ့ မထင်မှတ်ပဲ သခင်မချင်စုန်းက သခင်မရှောင်းရှေ့ကို ဧည့်သည်ပို့ရမယ်ဆိုပြီး ဆွဲခေါ်သွားတယ်။

တုံအိမ်သားအဖက စိတ်ဓာတ်ကျတဲ့ အမူအရာနဲ့ သွားချိန်မှာ တုံလုက ပျော်ပျော်ရွှင်ရွှင်နဲ့ သွားနေတယ်။ သခင်မရှောင်းရဲ့ နည်းလမ်းက အမြဲတမ်း ပြောင်မြောက်တယ်။ တစ်ခါတည်း သူမကို အိမ်စောင့်နှစ်ယောက် စီစဥ်ပေးလိုက်တယ်။ တကယ်လို့ တုံအိမ်သားအဖက သူမကို ရိုက်ချင်တယ်ဆိုရင် တစ်ခါတည်း ကူညီနိုင်တယ်။ နှစ်အချို့ကြာပြီးတဲ့အခါမှာတော့ တုံအိမ်ရဲ့ အတွင်းအပြင် အကုန်လုံးက သူမလက်ထဲမှာ ဖြစ်တယ်။ သူမက ဘာကိုမှ ထပ်ပြီး မကြောက်တော့ဘူး။

သခင်မရှောင်းက စိတ်အကြံအစည် အသေးစိတ်တယ်။ မသွားခင် သူမကို စကားနှစ်ခွန်း အကြံပေးလိုက်သေးတယ်။

'' အခုအခြေအနေမှာ ကိစ္စတစ်ခုကလွဲပြီး တုံအိမ်သားအဖက မင်းကိုထပ်ပြီး ထိန်းချုပ်လို့ မရတော့ဘူး´´

love like the galaxy { myanmar translation }  (Unicode & ZawgyiWhere stories live. Discover now