Part - 5

149 27 4
                                    

အတန်းချိန်တွေပြီးတော့ ကျောင်းအသင်းလှုပ်ရှားမှူဆိုကာ gp chatထဲစာရောက်လာတာမို့ Baekhyunကိုပြောကာ သွားလိုက်တော့သည်။တက္ကသိုလ်ရောက်ရင် အသင်းတစ်ခုမဟုတ်တစ်ခုထဲ ဝင်ရတော့ သူကလူမှူရေးအသင်း တစ်နည်းပြောရရင်လုပ်အားပေးအသင်းထဲ ဝင်သည်။

Baekhyunကတော့ music clubထဲဝင်သည်။တစ်ပတ်မှာတစ်ချိန်လောက်ကတော့ Baekhyunနဲ့သူ အတူမပြန်ဖြစ်ကြပါ။

အခုလည်း ခေါင်းဆောင်ကဟန်မြစ်နားမှာ တစ်ခြားကျောင်းကအဖွဲ့တွေနဲ့စုပြီး သန့်ရှင်းရေးသွားလုပ်ပေးကြမယ်ဆိုလို့ ရောက်နေကြတာဖြစ်သည်။

ဝတ်စုံကိုယ်စီဝတ်ပြီး ကိုယ့်အဖွဲ့နဲ့ကို စုကာသွားကြတော့ ပျော်စရာကြီးပင်။Sehunလည်း မျက်မှန်ကိုသေချာသုတ်ပြီးတပ်လိုက်ပြီး လက်အိတ်စွတ်ကာ အိတ်ကိုင်ရင်း အမှူိက်တွေသိမ်းနေလိုက်သည်။

" Sehunရေ အအေးသွားသောက်ကြရအောင် "

" ခဏနေလာခဲ့မယ် မင်းသွားနှင့်လေ "

" အေးအေး "

မြက်လေးတွေရှင်းရင်း ကားသံကြောင့်နောက်လှည့်ကြည့်တော့ အနက်ရောင်ဗန်ကားတစ်စီးက လာရပ်လေသည်။ဒီနေရာကလူတွေအပန်းဖြေနေကြနေရာမို့ Sehunလည်း အရမ်းကြီးသတိမထားတော့ပါ။

အလုပ်ပြီးလို့ ပြန်လှည့်ကြည့်တော့ ထိုင်ခုံပေါ်မှာလူတစ်ယောက် ထိုင်နေသည်။လက်ထဲကဘီယာဘူးခွံကို ဘေးဘက်လွှတ်ပစ်လိုက်လေသည်။Sehunလည်း အနားသွားကာ အောက်ကျနေသော ဘူးခွံကို ကောက်တော့ ထိုလူက သူ့လက်ကောက်ဝတ်ကိုဆုပ်ကိုင်လာလေသည်။

မော့ကြည့်မိတော့ တစ်ကိုယ်လုံးအနက်ရောင်ဝတ်ထားသည့်အပြင် မက်စ်မှာလည်းအနက် ဦးထုပ်ကလည်းအနက်ဖြစ်နေပြန်သည်။

" အမှိုက်လာကောက်တာပါ လူကြီးမင်းကို နှောင့်ယှက်ဖို့ဆန္ဒမရှိပါဘူး "

သူပြောလိုက်မှ ဆုပ်ကိုင်ထားသောလက်ကို လွှတ်ပေးလေသည်။မြင်လိုက်ရသော ထိုလူကြီးမင်းရဲ့မျက်ဝန်းတွေတယောက်ယောက်နဲ့ တူနေသလိုပင်။

" Sehunရေ လာတော့ဟ !!"

" အေး လာပြီ "

အိတ်ဆွဲကာ ထွက်သွားရင်း အနောက်လှည့်ကြည့်တော့ ထိုလူကြီးကSehunကိုစိုက်ကြည့်နေလေသည်။ရုတ်တရက်ကြက်သီးတွေထလာတာမို့ မြန်မြန်သာလမ်းလျှောက်လိုက်ရတော့သည်။

𝘔𝘰𝘳𝘦 𝘛𝘩𝘢𝘯 𝘞𝘰𝘳𝘥𝘴Where stories live. Discover now